မရမ်းကုန်းမြို့နယ် တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ

မရမ်းကုန်းမြို့နယ် တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးအား ယနေ့ အောက်တိုဘာ ၁၄ရက် နံနက် ၈နာရီဝန်းကျင်တွင် Free Tiger Ranger (အင်းစိန်မြို့နယ်ခွဲ)အဖွဲ့မှ လက်လုပ်မိုင်းခွဲကာ သတိပေးတိုက်ခိုက်လိုက်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက‌ ပြောသည်။

"လူတော့မထိခိုက်ဘူးခင်ဗျ ။မဆိုင်တဲ့သူတွေထိသွားမှာစိုးလို့ပါ။ တစ်လုံးပဲ သတိပေးတဲ့အနေနဲ့ခွဲခဲ့တာပါ။ အဝင်အဝနားမှာပေါက်တာ ရုံးတက်ချိန်မှာ ခွဲမလို့ နောက်တော့ မဆိုင်တဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ စောစောခွဲလိုက်တာပါ"ဟု Free Tiger Ranger အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါတရားရုံးမှ တရားသူကြီးများ၊ ရှေ့နေများနှင့် ဝန်ထမ်းများသည် အာဏာသိမ်းစစ်အစိုးရ အလိုကျ ပြည်သူလူထုအပေါ် မတရားသော အမိန့်အာဏာတို့ဖြင့် အနိုင်ကျင့် နှိပ်စက်နေသည့်အတွက် ပထမအကြိမ် သတိပေးတိုက်ခိုက်လိုက်ကြောင်း Free Tiger Ranger အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအဖွဲ့သည် ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးဌာနအနီးတွင်လည်း အောက်တိုဘာ ၁ရက်က လက်လုပ်မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly