စစ်ဖြစ်လာနိုင်၍ ဖားကန့် ဂျာဝမ်ရွှေမှော်များ အမြန်ဆုံးပိတ်သိမ်းရန် KIA သတိပေး

စစ်ဖြစ်လာနိုင်၍ ဖားကန့် ဂျာဝမ်ရွှေမှော်များ အမြန်ဆုံးပိတ်သိမ်းရန် KIA သတိပေး

အောက်တိုဘာ ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမော်များကို အမြန်ပိတ်သိမ်းကြဖို့ ကချင်လွတ်မြောက်ရေးတပ်က သတိပေးချက်ထုတ်ပြန်လိုက်သည်။

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများရှိလာ၍ စစ်ဖြစ်လာနိုင်သည့်အတွက် ရှဒူးဇွပ်ကျေးရွာအနီးရှိ ဂျာဝမ်ရွှေမှော်များကို အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပိတ်ကြရန် ရွှေမှော်လုပ်သားများကို သတိပေးလိုက်ခြင်းဖြစ်သည်။

ဒွမ်ဘန်ရွာအခြေစိုက် ခလရ(၂၉၇) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ က မတရားငွေတောင်းခြင်း၊ ရွှေမော်အတွင်း ဈေးရောင်းသည့် ဈေးသည်များ နှင့် ဝင်ထွက်သွားလာနေသည့် ပြည်သူများကိုလည်း ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရွှေမော်သွားလမ်းများကိုလည်း မိုင်းထောင်ခြင်း များ ရှိနေသည်ဟု နယ်ခံများက ပြောသည်။

အောက်တိုဘာလ ၁၃ရက်နေ့က ရှဒူဇွပ်ကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြားရှိ ဂျာဝမ်ရွှေမော်သွားလမ်းကို စစ်ကောင်စီတပ်က တားဆီးဖြတ်တောက်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများလုပ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required