အီရတ်တွင် အမေရိကန်၏ အောင်ပွဲများက တရုတ်နှင့် “ အင်အားကြီးနိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှု” အတွက် မနှစ်မြို့ဖွယ် သတိပေးချက်ဖြစ်နိုင်

By The Week
14 October 2021
အီရတ်တွင် အမေရိကန်၏ အောင်ပွဲများက တရုတ်နှင့် “ အင်အားကြီးနိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှု” အတွက် မနှစ်မြို့ဖွယ် သတိပေးချက်ဖြစ်နိုင်

၂၀ဝ၇ ခုနှစ်က အီရတ်သိမ်းပိုက်မှု၌ အမေရိကန်တပ်ဖွဲ့များကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ရေးအော်ဒီရာနို သည် အောက်တိုဘာ ၈ရက်က အသက် ၆၇ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီး ယင်းနေ့တွင်ပင် အီရတ်၌ နောက်ဆုံး အမျိုးသားရွေးကောက်ပွဲကျင်းပခဲ့သည်။

ယင်းမတော်တဆတိုက်ဆိုင်မှုက မအောင်မြင်သောစစ်ပွဲတွင် အမေရိကန်တို့က မည်မျှလောက် နည်းနည်း အောင်မြင်ခဲ့သည် ဆိုသည်ကို သတိပေးခဲ့ပြီး လာမည့်နိုင်ငံခြားရေးမူဝါဒ ရွေးချယ်မှုများအတွက် သင်ခန်းစာ တစ်ခု ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။

အီရတ်စစ်ပွဲထောက်ခံသူများက အစောပိုင်းနှစ်များတွင် အောင်ပွဲဆင်ခဲ့ကြောင်း မကြာခဏကြေညာရန် ကြိုးစားခဲ့သည်။ ၂၀ဝ၃ ခုနှစ် အီရတ် ကျူကျော်မှုအပြီးတွင် သမ္မတဂျော့ချ်ဒဗလျူဘုရှ်၏ “ မစ်ရှင်အောင်မြင်ပြီ” ဟူသော ကြေညာချက်ရှိခဲ့သည်။

မှားနေသော်လည်း ထပ်ခါထပ်ခါမှားနိုင်သည်မှာ ထင်ရှားလှသည်။ ယင်းသိမ်းပိုက်မှုသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများကို နှိမ်နင်းရန် ခဏတာကူညီပေးခဲ့သော်လည်း အီရတ်ခေါင်းဆောင်များအား ၎င်းတို့၏ နိုင်ငံရေးကွဲပြားမှုများကို ဖြေရှင်းရန်နှင့် တည်ငြိမ်သောအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ထားခဲ့သည်။

ယင်းအတိုင်းဖြစ်မလာခဲ့ပေ။ ယင်းအစား အီရတ်သည် အစ္စလာမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့အတွက် ခြေကုပ်ယူရာ ဒေသဖြစ်လာခဲ့ပြီး ယနေ့တွင် အီရတ်သည် အမေရိကန်နှင့် အီရန် အကြား အဆင့်နိမ့် ကြားခံစစ်ပွဲ ဖြစ်ပွားရာနေရာဖြစ်နေသည်။

အီရတ်တွင် အမေရိကန်၏ ခြေလှမ်းမှားမှုပုံပြင်က ယခုအခါ သတင်းဟောင်းကဲ့သို့ ထင်ရသော်လည်း အာဖဂန် နစ္စတန်တွင် စစ်ပွဲရှုံးနိမ့်မှုနှင့် ပတ်သက်၍ အမေရိကန်စစ်တပ်တည်ရှိမှုကို လူထုအား လှည့်ဖျားခြင်းကဲ့သို့သော အမေရိကန်၏ အလားတူ ပုံပြင်စာရင်းရှည်ကြီးရှိနေသည်။

ယခုတိုင်အောင် အမေရိကန်သည် တရုတ်နှင့် “ အင်အားကြီးနိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှု” ကို ဦးတည် နေပြီး အထူးသဖြင့် ထိုင်ဝမ်နှင့် ပတ်သက်ပြီး စစ်ဖြစ်ပွားနိုင်သည့် အလားအလာသည် တစ်နေ့ထက် တစ်နေ့ ကြီးထွားလာပုံရသည်။

စစ်လိုလားသူများက အောင်မြင်မှုကို ကတိပေးလိမ့်မည် ဖြစ်ပြီး၊ သူတို့က အကြိမ်များစွာ အောင်ပွဲခံလိမ့်မည် ဖြစ်သည်။ သို့သော်မြေပြင်ရှိလူများသည် တကယ့်ရလဒ်များနှင့် နေထိုင်ရမည်ဖြစ်ပြီး ယင်းသည် ကြော်ငြာခြင်းထက် အခြေအနေဆိုးနိုင်ပြီး အီရတ်များကိုသာ မေးကြည့်လိုက်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly