တရုတ်က အန္တရာယ်ရှိသော ဆယ်စုနှစ်ကာလတွင် အခွင့်ကောင်းယူနေ

By Daily Excelsior
14 October 2021
တရုတ်က အန္တရာယ်ရှိသော ဆယ်စုနှစ်ကာလတွင် အခွင့်ကောင်းယူနေ

နိုင်ငံတကာသတင်းခေါင်းစီးများတွင် တရုတ်သတင်းမပါသည့်ရက် မရှိသလောက်ရှားပါးသည်။ မကြာမဏ သတင်းများအလေးထားဖော်ပြသည့် အဓိကအချက်မှာလည်း တရုတ်၏ မဟာဗျုဟာရည်မှန်းချက်နှင့် ယင်း၏ စစ်အင်အားကို ခေတ်မီရေးလုပ်ဆောင်ချက်များဖြစ်သည်။

အမှန်တကယ်တွင် ထိုင်ဝမ်သည် တရုတ်နှင့် အခြားနိုင်ငံများအကြား ပဋိပက္ခဖြစ်နိုင်ခြေရှိသည့် အဓိကအချက်အဖြစ်ရပ်တည်နေကြောင်း အောက်တိုဘာလ ၁၀ ရက်အမျိုးသားနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ထိုင်ဝမ်သမ္မတ စိုင်အန်ဝမ်က ပြောကြားခဲ့သည်။ “ ဒီနေ့ ထိုင်ဝမ်ကို အာရှရဲ့ မိဘမဲ့အဖြစ် မမြင်ကြတော့ပါဘူး၊ ဒါပေမယ့် စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်နိုင်တဲ့ ကြံ့ခိုင်တဲ့ကျွန်းတစ်ခုအနေနဲ့ ဆက်ရှိနေရပါမယ်”

“ပိုပြီးအောင်မြင်လေ တရုတ်က ပိုပြီး ဖိအားပေးလေဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ထိုင်ဝမ်ကို ကာကွယ် စောင့်ရှောက်ဖို့ လက်မလျော့ဘူးဆိုတာကို နိုင်ငံသူနိုင်ငံသားအားလုံးကို သတိပေးချင်ပါတယ်။”

“အခုအချိန်မှာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကလဲ သိသိသာသာပြောင်းလဲနေပါတယ်။”

“ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေက အာဏာရှင်စနစ်ရဲ့ ချဲ့ထွင်မှုကို သတိပေးထားပြီး ထိုင်ဝမ်က ဒီမိုကရေစီရဲ့ ရှေ့တန်းခံစစ်လိုင်းမှာ ရပ်တည်နေပါတယ်”

“ ကျွန်မတို့က တရုတ်နဲ့ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးကို ဖြေလျှော့ဖို့ မျှော်လင့်နေပြီး အထိတ် တလန့်နဲ့ မပြုလုပ်ပေမယ့် ထိုင်ဝမ်ပြည်သူတွေကို ဖိအားပေးဦးညွတ်လာစေမယ်ဆိုတဲ့ ထင်ယောင်ထင်မှားမှု တွေ လုံးဝ မရှိသင့်ပါဘူး။ ကျွန်မတို့ရဲ့ အမျိုးသားကာကွယ်ရေးကို ဆက်လက်အားပေးပြီး ထိုင်ဝမ်ကို တရုတ်က ချမှတ်ထားတဲ့ လမ်းကြောင်းကို ဘယ်သူမှ မတွန်းပို့နိုင်ဘူးဆိုတာကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်မယ်ဆိုတဲ့ ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ကိုပြသရပါမယ်။ တရုတ်က ချမှတ်ထားတဲ့ လမ်းစဉ်က ထိုင်ဝမ်အတွက် လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းမကျသလို ထိုင်ဝမ်လူဦးရေ ၂၃ သန်းအတွက် အချုပ်အခြာအာဏာပိုင်လဲမရှိပါဘူး ” ဟု စိုင်က ဆက်လက် ဆိုသည်။

လွန်ခဲ့သော ၄ ရက်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချုကိုချန်က တရုတ်သည် ၂၀၂၅ခုနှစ်တွင် ထိုင်ဝမ်ကို အင်အားအပြည့်ဖြင့် ကျူးကျော်မှုလုပ်ဆောင်လိမ့်မည်ဟု သတိပေးခဲ့သည်။ ထိုင်ဝမ်သည် စစ်ရေးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟူသော ပြည်သူများကို ထုတ်ပြန်ရမည့် ထိုင်ဝမ်၏ အရှင်းလင်းဆုံးသတင်းစကားတစ်ခုဖြစ်သည်။

တရုတ်၏စစ်ရေးနှင့် မဟာဗျူဟာမြောက်စွမ်းအားသည် စစ်ပွဲဖြစ်လာနိုင်ခြေ အထိမြင့်တက်လာခဲ့ပြီး ယင်းအချိန်တွင် အမေရိကန်နှင့် မဟာမိတ်များက ဟန့်တားရန် အသင့်မဖြစ်နေခြင်းက “အန္တရယ်ကြီးသော ဆယ်စုနှစ်” ဖြစ်ကြောင်း အမေရိကန်ရေတပ်ကောလိပ်၏ တရုတ်ရေတပ်လေ့လာရေးအင်စတီကျူ့မှ ပါမောက္ခ အန်ဒရူ အစ်ဆန်က ဖော်ပြခဲ့သည်။

“ ‘အန္တရယ်ကြီးတဲ့ ဆယ်စုနှစ်’ က ကျွန်တော်တို့ဆီကို ရောက်နေပါပြီ။ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေ“က အားနည်းချက်တွေကို ကိုင်တွယ်ရပါမယ်” ဟု အစ်ဆန်က ပြောကြားခဲ့သည်။

ပဋိပက္ခကို ရှောင်လွှဲနိုင်သော်လည်း ပွတ်တိုက်မှုနှင့် အကျပ်အတည်းများကိုတော့ မရှောင်လွှဲနိုင်ပေ။ တရုတ် ကွန်မြူနစ်ပါတီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ခေါင်းဆောင်ကြီး ရှီတို့ အထွဋ်အထိပ်သို့ရောက်နေစဉ်တွင် နှိုင်းယှဉ်အင်အားအရ ထိုင်ဝမ်အပေါ် အမြင့်ဆုံး ခြိမ်းခြောက်မှုအနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပဋိပက္ခသည် အမြင့်ဆုံးသို့ရောက်လာပြီး ပေါက်ကွဲနိုင်ခြေရှိနေသည်။

ထိုင်ဝမ်နှင့် အမေရိကန်တပ်မတော်များထက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)၏ စွမ်းရည်တရှိန်ထိုးမြင့်တက်လာမှုက ထိုင်ဝမ်ကို အကျပ်ရိုက်စေနိုင်ပြီး ဆယ်စုနှစ်အတွင်း အကြီးမားဆုံး အန္တရာယ်ကို ဖြစ်စေနိုင်သည်။

“ဒီနေရာမှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုက ကျန်တဲ့ရာစုနှစ် တစ်ခုလုံးအတွက် အခြေခံအကျဆုံးသက်ရောက်မှုရှိပါတယ်” ဟု အစ်ဆန်က အသေးစိတ်ဖော်ပြခဲ့သည်။

သမ္မတရှီက အာဏာကို ဆုပ်ကိုင်ခြင်းမပြုမီ သို့မဟုတ် ပါတီက နိုင်ငံရေးရေချိန်ဆုတ်ယုတ်သွားချိန် သို့မဟုတ် အမေရိကန်နှင့် မဟာမိတ်များကို အုပ်စုဖွဲ့ပြီး စိန်ခေါ်မှုကို စုပေါင်းမရင်ဆိုင်ခင် တရုတ်လွတ်မြောက်ရေး တပ်မတော်၏ စွမ်းရည် ထူးကဲစွာမြင့်မားလာပြီးနောက် ရှီ၏ ကြီးမားသော ရည်မှန်းချက်များအရ၊ ၎င်းဦးဆောင်သော CCP နှင့် ယင်းတို့ ထိန်းချုပ်ထားသော PRC တို့က ယင်းတို့၏ လှုံ့ဆော်မှုများဖြင့် ၂၀၂၀ ပြည့်နှစ်များနှောင်းပိုင်းတွင် ထိုင်ဝမ်ကို အကြီးအကျယ် ဆန့်ကျင်ဘက် ပြုလိမ့်မည်ဖြစ်သည်”

တရုတ်က စစ်ရေးရည်မှန်းချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းပါက “အန္တရယ်ကြီးသော ဆယ်စုနှစ်” သည် ကမ္ဘာကြီးအတွက် အလေးအနက်ထားရမည်ကိစ္စဖြစ်သည်။

ရှီသည် ၂၀၂၂ခုနှစ်တွင် ၅ နှစ် ၁ကြိမ်ကျင်းပသည့် အမျိုးသားပါတီကွန်ဂရက်ကို စောင့်ကြည့်နေသည်။ ရှီအနေဖြင့် ၎င်း၏ တတိယအကြိမ်မြောက် ၅နှစ် သက်တမ်းကို ဆက်လက်ရယူထားမည်မှာ သံသယရှိ စရာမလိုသော်လည်း သူသည်ပြည်တွင်းတွင် စမ်းသပ်စစ်ဆေးခံနေရပြီး ပြည်ပတွင် စုပေါင်းရင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရသည်။

“အန္တရယ်ကြီးသော ဆယ်စုနှစ်” တွင် တရုတ်၏ လွှမ်းမိုးကြီးစိုးရန် ကြိုးပမ်းမှုအား တက်ညီလက်ညီ စုပေါင်း ကာကွယ်ရန် လိုအပ်ကြောင်း ပါမောက္ခ အန်ဒရူ အစ်ဆန်က သတိပေးခဲ့ပြီး “ ကောင်းစွာပြင်ဆင်ထားပြီး ကောင်းစွာရှင်းပြထားတဲ့ အမေရိကန် အစိုးရ၏ နည်းလမ်းများသာလျှင် တရုတ်အတွက် အံ့အားသင့်စရာရှုံးနိမ့်မှုကိုဖြစ်စေပြီး ရှီကို တိုက်ခိုက်စရာမလိုဘဲ အနိုင်ရစေလိမ့်မည်' ဟု အစ်ဆန်က ပြောကြားခဲ့သည်။

တရုတ်အစိုးရက အခြားနိုင်ငံများအပေါ် စောင့်ကြည့်သည့် အပြုအမှုနှင့် ရန်စမှုများသည် ပေးဆပ်မှုများသော တန်ပြန်သက်ရောက်များကို ညီတူညီမျှဖြစ်စေ၊ အတိုင်းအတာတစ်ခုဖြင့် ဖြစ်စေ ကြုံတွေ့ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly