တရုတ်၏ လျှပ်စစ်ဓာတ်အားပြဿနာက စက်မှုလုပ်ငန်း လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေ

တရုတ်၏ လျှပ်စစ်ဓာတ်အားပြဿနာက စက်မှုလုပ်ငန်း လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေ

ကမ္ဘာ့အကြီးမားဆုံးကုန်ထုတ်လုပ်မှုဗဟိုချက်ဖြစ်သော တရုတ်သည် စက်မှုထောက်ပံ့ရေးကွင်းဆက်ကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေသည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ နေရာများစွာ၌ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုသည် စက်မှုထောက်ပံ့ရေးကွင်းဆက်ကို မငြိမ်မသက်ဖြစ်စေသည်ဟုထိုင်ဝမ်မီဒီယာက ဖော်ပြခဲ့သည်။

အထင်ရှားဆုံးဥပမာမှာ တရုတ်ကုန်စည်စင်တာဟုလူသိများသည့် ကျဲ့ကျန်းပြည်နယ်ရှိ ရီဝူမြို့ ဖြစ်သည်။ လျှပ်စစ်ဓာတ်အားလျှော့ချမှုကြောင့်တရုတ်စီးပွားရေး၏ကြီးမားသောအစိတ်အပိုင်းဖြစ်သော အွန်လိုင်းအရောင်းအဝယ်လုပ်သည့် ကဏ္ဍတွင် ထိခိုက်မှုရှိခဲ့သည်ဟု ယုံကြည်စိတ်ချရသည့်သတင်းအရင်းအမြစ်များအရ သိရသည်။

စက်ရုံများနှင့်ကုန်သိုလှောင်ရုံများသည် ၎င်းတို့၏အသုံးစရိတ်များကို တက်စေသေ ာဒီဇယ်မီးစက်များပေါ်တွင်မှီခိုနေရပြီး လုပ်ငန်းရှင်များအကြားမကျေနပ်မှုကိုဖြစ်စေသည်။

The Hong Kong Post ၏သတင်းအရပြည်နယ်၃၁ခုအနက်၂၀သည် စွမ်းအင်ခွဲတမ်းစနစ်ကို အကောင်အထည်ဖော်နေကြပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏စက်မှုကဏ္ဍကို အကျပ်ဆိုက်စေသည်။

တရုတ်သည်လျှပ်စစ်ဓာတ်အားအကျပ်အတည်းကိုဖြေလျှော့နိုင်ရန် ၎င်း၏ကျောက်မီးသွေးထုတ်လုပ်မှုကို အရှိန်မြှင့်ရေး ညွှန်ကြားခဲ့သည်။

တရုတ်သည်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဟန်ချက်ညီရန် ကြိုးစားရုန်းကန်နေရသည်ဟု သတင်းထောက်လော်ရာဟဲက CNN သတင်း၌ ရေးသားခဲ့သည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ပြည်နယ်၂၀ အထိ ပျံ့နှံ့သွားပြီး တရုတ်အစိုးရသည် လျှပ်စစ်မီးလိုအပ်မှု အမြင့်ဆုံးအချိန်များအတွင်း ခွဲတမ်းစနစ်ဖြင့်ပေးနေရကာ အချို့စက်ရုံများအား ထုတ်လုပ်မှုကို ရပ်ဆိုင်းခိုင်းလိုက်ရသည်အထိ ဖြစ်ခဲ့သည်။

ဤအနှောင့်အယှက်များကြောင့် ပြီးခဲ့သည့်လကစက်မှုထုတ်ကုန် သိသိသာသာကျဆင်းခဲ့ပြီး တရုတ်၏စီးပွားရေးအလားအလာအပေါ် ချင့်ချိန်နေခဲ့ရသည်ဟု လော်ရာဟဲကပြောသည်။

တရုတ်နိုင်ငံ၏ဒုတိယအကြီးဆုံးကျောက်မီးသွေးထုတ်လုပ်သည့်ပြည်နယ်ဖြစ်သော အတွင်းမွန်ဂိုးလီးယားမှအာဏာပိုင်များကကျောက်မီးသွေးတွင်းလုပ်ငန်း၇၂ခုအားကျောက်မီးသွေးမက်ထရစ်တန်ချိန်ပေါင်း ၉၈ဒသမ၄သန်းရရှိအောင် တိုးမြှင့်ထုတ်လုပ်ရန် တောင်းဆိုခဲ့ကြောင်း အတွင်းမွန်ဂိုးလီးယားစွမ်းအင်စီမံခန့်ခွဲမှုမှမှတ်တမ်းတစ်ခုကိုကိုးကား၍နိုင်ငံပိုင်Securities Times နှင့်China Securities ဂျာနယ်တို့ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly