ရေလွှမ်းမိုးမှုကြုံနေရသည့် တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ်တွင် လုံလောက်သော အကူအညီမရ

ရေလွှမ်းမိုးမှုကြုံနေရသည့် တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ်တွင် လုံလောက်သော အကူအညီမရ

တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ်မှရွာသားများသည် ဒေသတွင်း၌ ရေလွှမ်းမိုးမှုနှင့်မြေပြိုမှုများ ကြုံတွေ့နေရစဉ် အကူအညီ အလုံအလောက်မရသဖြင့် ညည်းညူလျက်သည်။

မိုးသည်းထန်မှုနှင့်အတူ ရေကြီးမှုကြောင့် ရွာပေါင်းများစွာတွင် အိမ်များမျောပါသွားခဲ့ကာ တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးပြည်နယ်မှ လူဦးရေ၁ ဒသမ ၇၆သန်းထက်မနည်းကို ထိခိုက်စေခဲ့သည်ဟု Radio Free Asia ကဖော်ပြသည်။

“ဒေသခံတွေက အာဏာရတရုတ်ကွန်မြူနစ်ပါတီ (CCP) တာဝန်ရှိသူတွေဆီကနေ အကူအညီ မစို့မပို့ပဲရရှိခဲ့ပါတယ်" ဟု ရှန်ရှီးပြည်နယ် လင်ဖန်မြို့အနီး ပူကောင်တီမှ ဒေသခံ တီယင်ယန်ဖန်ကပြောသည်။

“ဂူပိုရွာနဲ့ ချန်ကွမ်ကျေးရွာတွေမှာပြိုကျပျက်စီးသွားတဲ့အိမ်တွေအများကြီးပဲ။ ရေတွင်းတွေလည်း ပြိုကျတယ်။ ရေလည်းမရှိဘူး။ ဒီအခြေအနေကိုစီမံခန့်ခွဲဖို့ အနီးအနားမှာဘယ်သူမှမရှိဘူး" ဟု တီယင်၏ ပြောပြချက်ကို ကိုးကား၍ Radio Free Asia က ဖော်ပြသည်။

ရေဘေးဒုက္ခကြုံနေရသော အခြားဒေသခံတစ်ဦးက "ဟိုဒန်းယုကျေးရွာက ဒေသခံ ၃ ပုံ ၁ ပုံလောက်ကို ဘေးလွတ်ရာမရွှေ့ပေးရသေးပါဘူး။ လူတွေကိုအချိန်မီမကယ်ထုတ်ရသေးပေမယ့် အစိုးရကအဲဒီအကြောင်း သတင်းထုတ်ပြန်တာကိုလည်း ခွင့်မပြုဘူး” ဟု အသိပေးသည်။

အလားတူပင် သတင်းအေဂျင်စီအများအပြားသည် ဒေသခံများ မည်သို့ ဒုက္ခကြုံတွေ့နေရသည် ဟူသော သတင်းကို ဖော်ပြခြင်းမရှိကြောင်း Radio Free Asia ကပြောသည်။

တရုတ်နိုင်ငံ၌သဘာဝဘေးအန္တရာယ်များကြောင့်ယခုနှစ်ပထမ ၃ လပတ်အတွင်း လူပေါင်း ၇၉၂ဦးထက်မနည်းအသက်ဆုံးရှုံးခြင်း သို့မဟုတ်ပျောက်ဆုံးနေကြောင်းအစီရင်ခံထားသည်။

ထို့အပြင်အေးခဲသောရာသီဥတု၊နှင်းမုန်တိုင်းများ၊သဲမုန်တိုင်းများ၊တောမီးနှင့်စားကျက်မြေ လောင်ကျွမ်းမှုများနှင့် ပင်လယ်ပြင်ဆိုင်ရာဘေးအန္တရာယ်များကြောင့်နိုင်ငံအတွင်းစုစုပေါင်းလူ၉၄ ဒသမ ၉၄သန်းခန့် ထိခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly