အာဆီယံ-အမေရိကန် အထူးထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပမည်

အာဆီယံ-အမေရိကန် အထူးထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ။           ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် ဖေဖော်ဝါရီလလယ်တွင် ထိပ်သီးဆွေးနွေးပွဲတစ်ခုကျင်းပရန် အမေရိကန်နှင့် အာဆီယံတို့က စီစဉ်လျက်ရှိသည်ဟု အာဆီယံတရားဝင်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အာဆီယံဆယ်နိုင်ငံတို့မှ ခေါင်းဆောင်များကြား အထူးထိပ်သီးဆွေးနွေးပွဲကို ၂၀၁၆ ဖေဖော်ဝါရီ ၁၅မှ ၁၆အထိ ကယ်လီဖိုနီးယားပြည်နယ် ရန်ချိုမီရတ်ဂျ်ရှိ ဆန်နီလဲန်စ်တွင် ကျင်းပလိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်နှင့် အာဆီယံကြား တတိယမြောက်ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့သည့်လက ကွာလာလမ်ပူတွင် ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် အာဆီယံက အာဆီယံအမေရိကန် တွေ့ဆုံဆွေးနွေးမှုကို မဟာဗျူဟာမြောက်အဆင့်ထိ မြင့်တင်ရန် ဝါရှင်တန်၏ မေတ္တာရပ်ခံချက်ကို ထောက်ခံခဲ့သည်။

အမေရိကန်သည် ၎င်း၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ထောက်ခံရန် အာဆီယံအစိုးရများကို တွန်းအားပေးလျက်ရှိသည်။ ယင်းမှာ တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အငြင်းပွားများတွင် စိုးမိုးလိုသည့် တရုတ်အပြုအမူကို ဆန့်ကျင်သည့်အနေဖြင့် ချိန်ခွင်လျှာမျှစေသည့် အချက်တစ်ခုအဖြစ် အာဆီယံနိုင်ငံအချို့က ရှုမြင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly