ပလိပ်မြို့အထွက် ရထားလမ်း ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံး

ပလိပ်မြို့အထွက် ရထားလမ်း ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံး

အောက်တိုဘာ ၁၄

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ပလိပ်မြို့အထွက်ရှိ ရထားလမ်းတွင် ယနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

မန္တလေး-ရန်ကုန် ရထားလမ်းပိုင်း၊ ပလိပ်မြို့နှင့် ဆည်ရွာအုပ်စုကြား ရထားလမ်း၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပထမဆုံးမိုင်းတစ်လုံး ပေါက်ကွဲအပြီးတွင် စစ်ကောင်စီတပ်များက စစ်ဆေးရန် ရောက်လာစဉ်နောက်ထပ်မိုင်းတစ်လုံး ပေါက်ကွဲခြင်းကြောင့် လာရောက်စစ်ဆေးသည့် တပ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

"ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ဘာဖြစ်မှန်း မသိဘူး။ အခုကြားရတာ တော့ မိုင်းနှစ်လုံးပေါက်ပြီးနောက်တစ်လုံးမှာ စခ(စစ်ကောင်စီတပ်သား)တွေ ၁၀ယောက်ကျော်တောင် သေတယ်လို့ ပြောကြတယ်"ဟုဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ ပတ္တာရွာ အနီးတွင် မန္တလေး-ရန်ကုန် စာပို့ရထားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly