ဖားကန့်မှ ပြည်သူများက စစ်အာဏာရှင်ကျဆုံးစေရေး ဆုတောင်းချီတက် ဆန္ဒထုတ်ဖော်

13 October 2021
ဖားကန့်မှ ပြည်သူများက စစ်အာဏာရှင်ကျဆုံးစေရေး ဆုတောင်းချီတက် ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြည်သူများက ယနေ့အောက်တိုဘာ ၁၃ ရက်တွင် စစ်အာဏာရှင်ကျဆုံးစေရေး ချီတက်ဆန္ဒပြပွဲနှင့်အတူ ပရိတ်ရွတ်ဆုတောင်းပွဲကို ပြုလုပ်ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် “ ပြည်သူ့မျိုးချစ် KIA ၊ တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “ KIA နဲ့ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “ NUG အစိုးရ ဒို့အစိုးရ”၊ “အကြမ်းဖက် စစ်တပ် ကျရှုံးပါစေ” ဟူသော ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly