လျှပ်စစ်ဓာတ်အားအကျပ်အတည်းရင်ဆိုင်နေရသည့် တရုတ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု တိုးမြှင့်ရန် ညွှန်ကြားထား

By Latestly
13 October 2021
လျှပ်စစ်ဓာတ်အားအကျပ်အတည်းရင်ဆိုင်နေရသည့် တရုတ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု တိုးမြှင့်ရန် ညွှန်ကြားထား

တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားအကျပ်အတည်းနှင့် ဆိုးရွားစွာ ရင်ဆိုင်နေရသောကြောင့် ယင်းပြဿနာကို လျှော့ချရန် ကျောက်မီးသွေးတွင်းလုပ်ငန်းများအား ထုတ်လုပ်မှုအရှိန်မြှင့်ရေးကို ညွှန်ကြားထားကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်နေရချိန်တွ်င လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဟန်ချက်ညီအောင် ရုန်းကန်နေရသည်။

တရုတ်နိုင်ငံ၏ ကျောက်မီးသွေး ဒုတိယအများဆုံး ထုတ်လုပ်သော ပြည်နယ်ဖြစ်သည့် အတွင်း မွန်ဂိုးလီးယားမှ မှတာဝန်ရှိသူများသည်ထုတ်လုပ်မှုမက်ထရစ်တန်ချိန်၉၈ ဒသမ ၄ သန်း အထိ တိုးမြှင့်ရန် ကျောက်မီးသွေးတွင်း ၇၂ တွင်းအာ းတောင်းဆိုခဲ့သည်ဟုနိုင်ငံပိုင် Securities Times နှင့် China Securities ဂျာနယ်တို့ကို ကိုးကား၍ CNN သတင်းဌာနကဖော်ပြသည်။

အစိုးရ၏ လတ်တလော အချက်အလက်များအရ ထိုကိန်းဂဏန်းသည်တရုတ်နိုင်ငံ လစဉ် ကျောက်မီးသွေး ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းခန့်နှင့်ညီမျှသည်။

အတွင်းမွန်ဂိုးလီးယားမှ စွမ်းအင်ကဏ္ဍ အာဏာပိုင်များသည် ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။

ဓာတ်လှေကားများ ပိတ်ထားရခြင်း၊ စတိုးဆိုင်များဖွင့်ချိန်တိုတောင်းလာခြင်း၊ စက်ရုံများလည်ပတ်သည့် စုစုပေါင်းရက်းနှင့်ဓာတ်အားသုံးစွဲမှုကိုလျှော့ချနေရခြင်းနှင့် အချို့ပြည်နယ်များတွင် လုံးဝ မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသောကြောင့် တရုတ်နိုင်ငံသည် ၁၀ စုနှစ်များအတွင်း အဆိုးရွားဆုံး လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ရင်ဆိုင်နေရသည်။

အနီးစပ်ဆုံး အကြောင်းအရင်းမှာ တရုတ်သည် နိုင်ငံ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသော ကျောက်မီးသွေးကို အလွန်အမင်းမှီခိုနေရသောကြောင့် ဖြစ်သည်။ သို့သော် အကျပ်အတည်းဖြစ်ရသည့် အကြောင်းရင်းများကို ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် မူဝါဒလွဲမှားမှုများနှင့် စဉ်းစားတွေးခေါ်မှုအားနည်းသော စျေးကွက် ဝင်ရောက်စွက်ဖက်မှုများဆီသို့ ခြေရာခံဇာစ်မြစ်ရှာနိုင်သည်ဟု နိုင်ငံခြားရေးမူဝါဒအစီရင်ခံစာက မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ပိတ်ဆို့ ကန့်သတ်မှု များမှပြန်လည်နာလန်ထူလာသည့် အချိန်မှစ၍ နိုင်ငံ၏စွမ်းအင် အကျပ်အတည်းကြောင့် စက်တင်ဘာလတွင် ပထမဆုံးအကြိမ် စက်မှုထုတ်ကုန် ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly