ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက်

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက်

အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့နံနက်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည်။

" နံနက် (၀၉:၁၄)နာရီအချိန်ခန့်တွင် ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်သွားပါ သဖြင့် ရန်ကုန်တိုင်'ဒေသကြီးအတွင်းရှိ နေရာများ ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ရရှိမှုအချိန်နှင့် တပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း" YESC-Call Center ကလည်း ထုတ်ပြန်ထားသည်။

အခြားသောမြို့ကြီးအချို့တွင်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်နေ ကြောင်းသိရရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့လည်ပိုင်းကလည်း တစ်နိုင်ငံလုံး System Breakdown ဖြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly