မွန်ပြည်နယ်အတွင်း အသက် ၁၂ နှစ် အထက် ကျောင်းသူ/သားများ ယခုပတ်အတွင်း ကာကွယ်ဆေးစထိုးမည်

By သတင်းနှင့် မီဒီယာ ကွန်ရက်
13 October 2021
မွန်ပြည်နယ်အတွင်း အသက် ၁၂ နှစ် အထက် ကျောင်းသူ/သားများ ယခုပတ်အတွင်း ကာကွယ်ဆေးစထိုးမည်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်။

မွန်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်း ကျောင်းသူ/ကျောင်သားများကို အောက်တိုဘာ ဒုတိယအပတ်အတွင်း COVID-19 ကာကွယ်ဆေး စထိုးပေးနိုင်ရန် စီစဉ်နေသည်ဟု မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

"ကျောင်းဖွင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အသက် ၁၂ နှစ်နဲ့ အထက် ခလေးတွေကို ကိုဗစ် ကာကွယ် ဆေးထိုးပေးဖို့ စီစဉ်နေပါတယ်" ဟု မြို့နယ်ပညာရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသူ/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် စီစဉ်နေသည်ဟု ပြည်နယ် ပညာရေးဌာနထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိုးပေးရမည့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ ကျောင်း သူ/ကျောင်းသားပေါင်း ၇၈၀၀၀ ကျော် ရှိသည်ဟုလည်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။

"ခလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ကျောင်းကနေ ဘာမှတော့ ပြောလာတာမရှိသေးဘူး။ ထိုးဖို့ပြောလာရင်တော့ ကျမ ခလေးကိုတော့ ပေးထိုးမှာပါ။ ဒါမှလည်း ကျောင်းဖွင့် တဲ့ အခါကျရင် လွှတ်ရတာ နည်းနည်း စိတ်ချရမယ်" ဟု ၉ တန်းကျောင်းသား မိဘတစ်ဦး က ပြောသည်။

ကျောင်းသူ/ကျောင်းသားများအား ထိုးနှံပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့် ကျောင်းသူ/ကျောင်းသားများသည် အစိုးရစာသင်ကျောင်းတွင် တက် ရောက်သင်ကြားနေသည့် ကျောင်းသားကျောင်းသူများအပြင် ပုဂ္ဂလိကစာသင်ကျောင်းများနှင့် ဘုန်တော်ကြီး သင် ပညာရေးကျောင်းများမှ ကျောင်းသူ/ကျောင်းသားများလည်း ပါဝင်သည်။

မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်များကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးလျှက် ရှိ ကြောင်း အသက် ၁၈ နှစ်နှင့် အထက်များကိုတော့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးပေးနေ သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly