နိုင်ငံခြားသား ကစားသမားနောက်ဆုံးခေါ်ယူမှုအဖြစ် သြစတြေးလျကွင်းလူလယ်အား ရခိုင်အသင်းခေါ်ယူ

နိုင်ငံခြားသား ကစားသမားနောက်ဆုံးခေါ်ယူမှုအဖြစ် သြစတြေးလျကွင်းလူလယ်အား ရခိုင်အသင်းခေါ်ယူ
ရခိုင်အသင်းနောက်ခံလူသစ် ကာမာရာ အသင်းနှင့် စာချုပ်သစ်လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ- RUFC)

ဒီဇင်ဘာ ၂၂၊ ရန်ကုန်။      ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် နိုင်ငံခြားသား ကစားသမားနောက်ဆုံးခေါ်ယူမှုအဖြစ် သြစတြေးလျကွင်းလယ်လူ ကာမာရာ ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်သည် ဟု အသင်းဖေ့ဘုတ်စ်တွင် တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

ကာမာရာသည် သြစတြေးလျ ပရိုလိဂ် တတိယတန်းကလပ် Spirit FC ကလပ်အသင်းမှ ပြောင်းရွေ့လာခဲ့ခြင်း ဖြစ်ပြီး ကွင်းလယ်တိုက်စစ်အဖြစ် အဓိကထားကစားသော်လည်း လိုအပ်လျှင် ကွင်းလယ်တောင်ပံနှင့် တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သည့် ကစားသမားတစ်ဦး ဖြစ်သည်။

" မြန်မာလိဂ်နဲ့ပတ်သက်လို့ အသေးစိတ်မသိသေးပေမယ့် ခြေစမ်းပွဲတွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်တာတွေ့ရပြီး အသင်းတော်တော်များများ အားဖြည့်နေကြတာ တွေ့တဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ တိုးတက်မှု ရှိနေတဲ့ လိဂ်ပြိုင်ပွဲတစ်ခုလို့ ထင်ပါတယ်။ ရခိုင်ယူနိုက်တက်အသင်းနဲ့အတူ လိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါကျေနပ်စရာ အခြေအနေတစ်ခုပါပဲ " ဟု ရခိုင်အသင်းကွင်းလယ်လူသစ် ကာမာရာက ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် လက်ရှိတွင် ရာသီကြိုပြင်ဆင်မှုအနေဖြင့် နိုင်ငံခြားသားကစားသမား လေးဦးအထိ ခေါ်ယူထားခဲ့ပြီး ကာမာရာ အပါအဝင် တိုက်စစ်၌ ဘရာဇီးတိုက်စစ်မှူး အန်ဒရေ၊ နောက်တန်း၌ ကင်မရွန်းနောက်ခံလူ ဒွန်ဂို နှင့် ဂါနာနောက်ခံလူ ဘားနက်အချော တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly