ပြင်သစ်အထက်လွှတ်တော်အမတ်က ထိုင်ဝမ်ကို “နိုင်ငံ” ဟု သုံးနှုန်းခြင်းအပေါ် တရုတ်ဒေါသထွက်

ပြင်သစ်အထက်လွှတ်တော်အမတ်က ထိုင်ဝမ်ကို “နိုင်ငံ” ဟု သုံးနှုန်းခြင်းအပေါ် တရုတ်ဒေါသထွက်

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်းအာလန်ရစ်ချတ်က ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့်တွေ့ဆုံစဉ် “ပြင်သစ်ရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးသည် ခင်ဗျားတို့ နိုင်ငံကို ကောင်းစွာ ကိုယ်စားပြုလျက် ရှိသည်” ပြောကြားခဲ့သည်။

အကြီးတန်းပြင်သစ်လွှတ်တော်အမတ်တစ်ဦးကထိုင်ဝမ်ကို နိုင်ငံဟုခေါ်သင့်ကြောင်း ၎င်း၏ ထိုင်ဝမ်ခရီးစဉ်အတွင်း အောက်တိုဘာ ၈ ရက်ကပြောကြားခဲ့ခြင်းက ပြည်နယ်တစ်ခုအဖြစ် ရှုမြင်သော တရုတ်ကို ဒေါသထွက်စေခဲ့ပြီးနောက် ယခုပြောကြားချက်က မကျေနပ်မှုကို ပိုမို ဖြစ်ပွားစေခဲ့သည်။

ထိုင်ဝမ်၏အမည်ကိစ္စသည် သတိကြီးစွာထားရသည့် အရေးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟု တရားဝင်ခေါ်ခြင်းကို တရုတ်နှင့် သံတမန်ဆက်သွယ်မှုရှိသည့် ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်မပြုပေ။ အိမ်ရှင်နိုင်ငံများက တရုတ်အားစိတ်မပျက်စေရန် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသောသံရုံးများက ယေဘုယျအားဖြင့် ကျွန်းကို “တိုင်ပေ” ဟု ဖော်ပြကြသည်။

ထိုင်ဝမ်အား နိုင်ငံဟုခေါ်ခြင်းသည် ပြင်သစ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အလုံးစုံသဘောတူညီမှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက “ရစ်ချတ်လိုလူတွေဟာ နိုင်ငံတကာဆက်ဆံရေးစံနှုန်းတွေကို အခြေခံအကျဆုံးလေးစားမှုနဲ့နားလည်မှုမရှိသလို ပုဂ္ဂိုလ်ရေးရာ တစ်ကိုယ်ကောင်းဆန်မှုအပေါ်အခြေခံပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံဆက်ဆံရေးကိုပြန်ပေးဆွဲကြပါတယ်။ တရုတ်အနေနဲ့ ဒါကိုပြင်းပြင်းထန်ထန်ရှုတ်ချသလို ပြတ်ပြတ်သားသားကန့်ကွက်ပါတယ်" ဟုပြောသည်။

ပြင်သစ်အထက်လွှတ်တော်၏ ထိုင်ဝမ်ချစ်ကြည်ရေးအဖွဲ့ကို ဦးဆောင်သောရစ်ချတ်သည် အောက်တိုဘာ၈ရက်က သတင်းထောက်များကို ပြောကြားရာတွင် ထိုင်ဝမ်၏ကိုယ်စားလှယ်ရုံးများကို အမည်မှည့်ခေါ်ရမည့်ကိစ္စသည် သတိကြီးစွာထားရသည့်ကိစ္စတစ်ခုဖြစ်ကြောင်းဝန်ခံခဲ့သည်။

"ဒါဟာကောင်းမွန်တဲ့ သံတမန်ရေးရာကိစ္စပါ။ ဒါပေမယ့် ဒီကျွန်းရဲ့နာမည်နဲ့ ဒီနိုင်ငံက ထိုင်ဝမ်ပါပဲဆိုတာ ကျွန်တော် သိတယ်။ ဒါကြေင့် ဒီနိုင်ငံကိုကာကွယ်ဖို့ကြိုးစားတဲ့အခါ ဒီအမည်ကိုသုံးတာဟာ ကြီးမားတဲ့ ဦးတည်ချက်မရှိပါဘူး” ဟု ရစ်ချတ်က အင်္ဂလိပ်ဘာသာစကားဖြင့်ပြောခဲ့သည်။

“နိုင်ငံ”ဟူသောစကားလုံးသည်ပထဝီဝင်အနေအထားနှင့် သက်ဆိုင်သော နေရာဖြစ်ကြောင်းနှင့် နိုင်ငံရေးနှင့်ဆိုင်သော နေရာမဟုတ်ကြောင်း ရစ်ချတ်က ပြင်သစ်ဘာသာဖြင့် ထပ်လောင်းပြောကြားခဲ့သည်။

အောက်တိုဘာ ၁ ရက်မှစ၍ ၄ ရက်တာကာလအတွင်း တရုတ်လေယာဉ် ၁၅၀ နီးပါးသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ပျံသန်းခဲ့ပြီးနောက် ထိုင်ဝမ်နှင့်တရုတ်အကြား တင်းမာမှုများမြင့်တက်လာမှုအပေါ်နိုင်ငံတကာကစိုးရိမ်နေချိန်တွင် ယခု ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly