တရုတ်နည်းပညာရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်အတွက် အန္တရာယ် ဖြစ်နေ

By Yahoo Finance
12 October 2021
တရုတ်နည်းပညာရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်အတွက် အန္တရာယ် ဖြစ်နေ

အမေရိကန်အစိုးရသည် တရုတ်နှင့် စီးပွားရေးဆက်ဆံရေးတွင် တင်းမာသော ချဉ်းကပ်မှု တစ်ခုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယခုအပတ်တွင် အချက်ပြခဲ့ပြီး ယင်းသည် ဒေါ်နယ်ထရမ့် အစိုးရ လက်ထက်တွင် သဘောတူခဲ့သော အခွန်အကောက်များကို ထိရောက်အောင် လုပ်ဆောင်ကာ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအတွက် တရုတ်၏ ထောက်ပံ့မှု များကို ပစ်မှတ်ထားလိမ့်မည်ဖြစ်သည်။

အမေရိကန်ဆီးနိတ်လွှတ်တော်က ပါတီ ၂ရပ်လုံးသဘောတူထားသည့် ဒေါ်လာ ၂၅၀ ဘီလီယံ သုံးစွဲမည့်အစီအစဉ်ကို အတည်ပြုပြီးနောက် ယခုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်က စက်မှု လုပ်ငန်းများအား ထောက်ပံ့မှုပေးနေခြင်းကို တန်ပြန်ရန်အတွက် နည်းပညာသုတေသန တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ကဲ့သို့သော အရေးပါသော ကုန်ပစ္စည်းများ ထုတ်လုပ်ရန် အမေရိကန်နိုင်ငံ၏ စွမ်းရည်ကို မြှင့်တင်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

လူတွေ့မေးမြန်းခန်းတစ်ခုတွင် Dell Technologies (DELL) ၏ အမှုဆောင်အရာရှိချုပ်မိုက်ကယ်ဒဲလ်က အမေရိကန်-တရုတ်စီးပွားရေးဆက်ဆံရေးသည် အေးစက်နေကြောင်း၊ တရုတ်တွင် ထောက်ပံ့ကြေးပေးနေမှုများကို တန်ပြန်ရန် နည်းပညာလုပ်ငန်းအပေါ် အမေရိကန်၏ ပံ့ပိုးမှုကို ကြိုဆိုကြောင်း သူက ပြောကြားခဲ့သည်။

“ ဆက်ဆံရေးက အခုလောလောဆယ်မှာ နည်းနည်းအေးစက်နေပြီး ကျွန်တော်တို့က ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံရှိတဲ့ကမ္ဘာတစ်ခုဆီ ဦးတည်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။ "ဒါက စိန်ခေါ်မှုတွေကို ဖန်တီးပေးမှာ အသေအချာပါပဲ"

“ အမေရိကန်က အခုရှေ့ ဆက်သွားမယ့် မဟာဗျူဟာ မြောက် လုပ်ငန်းအချို့ကို စတင်အာရုံစိုက်လာနေတဲ့အတွက် အရမ်းကောင်းပါတယ်” ဟု သူက ပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြားရှားပါးမှုကြောင့် ကွန်ပျူတာမှ စမတ်ဖုန်းနှင့် ကားများ အထိ တရုတ်ထုတ်လုပ်မှုအပေါ် အမေရိကန်၏ မှီခိုအားထားမှုကို သတိပြုမိစေခဲ့သည်။

တရုတ်အစိုးရက စက်မှုလုပ်ငန်းများအား ထောက်ပံ့မှုများအပေါ် အမေရိကန်က ကာလကြာရှည်စွာကတည်းက စိုးရိမ်ပူပန်မှုရှိနေသော်လည်း အမေရိကန်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် ၂၀၂၅ ခုနှစ်အထိ ဉာဏ်ရည်တုနှင့် ကြိုးမဲ့အခြေခံအဆောက်အအုံများကဲ့သို့သော အဓိက နည်းပညာကုမ္ပဏီများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း တရုတ်က ယမန်နှစ်အတွင်း ကြေညာခဲ့သည်။

မကြာသေးမီလများအတွင်း e-commerce ကုမ္ပဏီကြီး Alibaba (BABA) နှင့် ရှာဖွေရေးကုမ္ပဏီကြီး Baidu (BIDU) ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများကို တရုတ်ကနှိမ်နင်းခဲ့သော်လည်း အဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly