အမေရိကန် Tesla ကုမ္ပဏီ ကို အိန္ဒိယတွင် ကားများထုတ်လုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး တရုတ် ကားများနှင့် ပတ်သက်၍ သတိပေး

အမေရိကန် Tesla ကုမ္ပဏီ ကို အိန္ဒိယတွင် ကားများထုတ်လုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး တရုတ် ကားများနှင့် ပတ်သက်၍ သတိပေး

အိန္ဒိယ လမ်းများနှင့် အဝေးပြေးလမ်းများပြည်ထောင်စုဝန်ကြီး နာတင် ဂတ်ခါရီက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Tesla ကုမ္ပဏီအား အိန္ဒိယတွင် လျှပ်စစ်ကားများထုတ်လုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး အစိုးရက ထုတ်လုပ်ရေးအတွက် လိုအပ်သောအထောက်အပံ့များကို ပံ့ပိုးပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။

“'India Today Conclave 2021'” ဆွေးနွေးပွဲတွင် ဂတ်ခါရီက “တရုတ်မှာ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကားတွေကို အိန္ဒိယမှာ ရောင်းချခွင့်မပေးပါဘူးလို့ Tesla ကို ကျွန်တော် သတိပေးခဲ့ပါတယ်။ အိန္ဒိယမှာ လျှပ်စစ်ကားတွေ ထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့သင့်ပါတယ်"

အစိုးရက သွင်းကုန်အခွန်မကောက်ခံခြင်းအပြင် Tesla အတွက် အခြားအကျိုးခံစားခွင့်များ ပေးရန်စဉ်းစား နိုင်သော်လည်း ယင်းသို့ပြုလုပ်ရန် လျှပ်စစ်ယာဉ်များထုတ်လုပ်သည့် Tesla သည် တိုင်းပြည်အတွင်း၌ ပစ္စည်းထုတ်လုပ်ရန်နေရာ တစ်ခု တည်ထောင်ရန် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယသည် အာမခံနှင့် သယ်ပို့စရိတ်အပါအဝင် ဒေါ်လာ ၄၀ဝဝဝ ကို အိန္ဒိယသို့ တင်သွင်းသော ကားများအပေါ် ၁၀ဝ ရာခိုင်နှုန်းအခွန်စည်းကြပ်ခဲ့ပြီး ဒေါ်လာ ၄၀ဝဝဝ အောက် ကားများသည် ၆၀ ရာခိုင်နှုန်းသွင်းကုန်ခွန်ကောက်ခံသည်။

အိန္ဒိယတွင် မော်တော်ကားများထုတ်လုပ်ရန်ဆန္ဒရှိကြောင်း Tesla ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီလွန်မတ်ခ်က ထုတ်ဖော်ပြောကြား ခဲ့သော်လည်း အိန္ဒိယသည် လျှပ်စစ်ယာဉ်များပေါ်တွင် ကောက်ခံသောအခွန်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဖြစ်နေ သည်။

“ ကျွန်တော်တို့က အလုပ်လုပ်ချင်ပေမယ့် နိုင်ငံကြီးတွေထဲမှာ ခုချိန်ထိ သွင်းကုန်ခွန်က အမြင့်ဆုံးဖြစ်နေပါတယ်” ဟု သူက တွစ်တာတွင် ရေးသားခဲ့သည်။

လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီသည် ထုတ်ကုန်များအပေါ်သွင်းကုန်ခွန်ကို ၁၀ဝ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း အထိလျှော့ချရန် အစိုးရထံအသနားခံစာတင်ခဲ့သည်။

Tesla က အိန္ဒိယသို့ ကားတင်သွင်းမှု အောင်မြင်ပါက ကာနာကာတာအရပ်တွင် ကားထုတ်လုပ်သည့် စက်ရုံတစ်ခု တည်ထောင်ရန်လည်း ရည်ရွယ်ထားသည်။

Tesla က လျှပ်စစ်ကားများကို အိန္ဒိယတွင် ထုတ်လုပ်မည်ဆိုပါက မည်သည့်အကူအညီကိုမဆို အစိုးရက ထောက်ပံ့ပေးလိမ့်မည်ဟု ဂတ်ခါရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly