မုံရွာ အမှတ် (၂) ရဲစခန်း လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

မုံရွာ အမှတ် (၂) ရဲစခန်း လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

အောက်တိုဘာ ၁၂

မုံရွာမြို့မှ ရဲစခန်းတစ်ခုအား ယမန်နေ့ညပိုင်းတွင်း ကာကွယ်ရေးတပ်က လက်ပစ်ဗုံးဖြင့်ပစ်သွင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများအပြောအရသိရသည်။

South Monywa PDF အဖွဲ့က အမှတ် (၂) ရဲစခန်းကို လက်ပစ်ဗုံးပစ်ပြီးနောက် ရဲစခန်းက သေနတ်ဖြင့် လေးချက် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့ဘက်ကပြောသည်။

“မနေ့က ည ၁၁ နာရီမှာ ကျွန်တော်တို့ South Monywa PDF က အမှတ်(၂)ရဲစခန်းကို လက်ပစ်ဗုံးအစစ်နဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ ရဲဘော်တစ်ဦးကတော့ မတော်တဆ ခြေထောက် ပွန်းပဲ့ဒဏ်ရာ ရသွားပါတယ် မစိုးရိမ်ရပါဘူး’’ ဟု South Monywa PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

South Monywa- PDF သည် အောက်တိုဘာလ ၁၀ ရက် ညပိုင်းကလည်း မုံရွာမြို့၏ အဓိကကျသည့် နေရာများတွင် အသံဗုံးများ လိုက်လံဖောက်ခွဲခဲ့ပြီး ယင်းအသံများသည် ပြည်သူတစ်ရပ်လုံး၏ တော်လှန်ရေး ကြွေးကြော်သံများ ဖြစ်သကဲ့သို့ စစ်ခွေး၊ ရဲခွေးများအတွက် မရဏ(သေခြင်း)ရှေ့ပြေးနိမိတ် အသံများ ဖြစ်၍ အသံဗုံးစစ်ဆင်ရေးကို ညတိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required