မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းကို ဗုံးပစ်ခတ်တိုက်ခိုက်ရာ ဒဏ်ရာရသူရှိ

မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းကို ဗုံးပစ်ခတ်တိုက်ခိုက်ရာ ဒဏ်ရာရသူရှိ

အောက်တိုဘာ ၁၁

မန္တလေးမြို့သစ်က စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ တပ်စွဲထားသည့် စာသင်ကျောင်းတစ်ကျောင်း၌ ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

" အဲဒီကျောင်းက အရင်က မူလတန်းကျောင်းပေါ့။ အခု အထက်တန်းကျောင်းဖြစ်နေတာ၊ အဲဒီမှာ စစ်သားတွေ နေနေတာအတော်ကြာရောပေါ့။ အဲဒါကိုဗုံးပစ်သွားလို့ဆိုပြီး စစ်သားတွေကလည်း သေနတ်တွေ နဲ့ပြန်ပစ်ကြတာ ဆူညံနေတာပဲ ။ ကျောင်းထဲက တစ်ယောက်ထိသွားတယ်လို့တော့ ပြောနေကြတာပဲ" ဟု မြို့သစ်ဒေသခံတစ်ဦးက ပြောသည်။

ချမ်းမြသာစည်မြို့နယ် ၊ ၁၁၄ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ အမှတ်(၃၅) အခြေခံပညာ အထက်တန် းကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ ဗုံးဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ ဖြစ်စဉ်နှင့် ပတ်သက်၍ Rangers Of Mandalay အဖွဲ့က ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် လက်လုပ်ဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အနေနှင့် ယနေ့(အောက်တိုဘာ ၁၁ ရက်)နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီများ တပ်စွဲထားသည့် အဆိုပါကျောင်းကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်နက်ကိုင် တပ်သားတစ်ဦး ကျည်ထိကြောင်း၊ စစ်ကောင်စီဘက်က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ကြောင်း၊ စစ်သားများက ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ၎င်းတို့အဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ၎င်းတို့ဘက်က အထိအခိုက်မရှိဘူးဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်း ဘုရားစေတီ ကျောင်းကန်များနှင့် အခြေခံပညာ စာသင်ကျောင်းများတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က တပ်စွဲခြင်း၊ ကင်းပုန်းချခြင်းတို့ လုပ်ဆောင်နေခြင်းကြောင့် မြို့နေပြည်သူလူထုတို့ စိုးရိမ်မှုရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly