KIAနှင့် PDF များ အန္တရာယ်ကင်း‌စေရန် ဖားကန့်မြို့မှ ပြည်သူများ ဆုတောင်း

KIAနှင့် PDF များ အန္တရာယ်ကင်း‌စေရန် ဖားကန့်မြို့မှ ပြည်သူများ ဆုတောင်း
Photo-CJ

အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြည်သူများက ကချင်လွတ်‌မြောက်ရေး တပ်မတော် (KIA) နှင့် ဒေသခံကာကွယ်ရေးတပ်များ (PDFs) အန္တရာယ်ကင်းစေရေး ဆုတောင်းပွဲ ဒုတိယနေ့အဖြစ် ယနေ့အောက်တိုဘာ ၁၁ ရက်တွင် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ယနေ့ မနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲနေရာကို သွားရောက်ကြည့်ရှုခဲ့ကြသေးသည်ဟုလည်း ဒေသခံများက ပြောသည်။

ဖားကန့်ပြည်သူများက ကျဆုံးသူရဲကောင်းများ ကောင်းရာဘုံသို့ရောက်ရှိစေရေးနှင့် မတရားဖမ်းဆီးခံရသူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက်လည်း ဆုတောင်းခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly