တရုတ် လျှပ်စစ်ဓာတ်အားအကျပ်အတည်း ၁၀ စုနှစ်များအတွင်းအဆိုးရွားဆုံး ဖြစ်နေ

တရုတ် လျှပ်စစ်ဓာတ်အားအကျပ်အတည်း ၁၀ စုနှစ်များအတွင်းအဆိုးရွားဆုံး ဖြစ်နေ

ANI တရုတ်နိုင်ငံတွင် ဓာတ်လှေကားများပိတ်ထားရခြင်း၊ စတိုးဆိုင်ဖွင့်ချိန်များ တိုတောင်းခြင်း၊ စက်ရုံများလည်ပတ်သည့်ရက်နှင့် ဓာတ်အားသုံးစွဲမှုကိုလျှော့ချခြင်းနှင့် အချို့ပြည်နယ်များတွင် လုံးဝမီးပြတ်တောက်မှုများကြောင့် ၁၀စုနှစ်များအတွင်း အဆိုးရွားဆုံး လျှပ်စစ်ဓာတ်အားအကျပ်အတည်းနှင့်ရ င်ဆိုင်နေရသည် မီဒီယာတစ်ခုကဖော်ပြသည်။

ယခုပြဿနာ၏ အနီးစပ်ဆုံးအကြောင်းအရင်းမှာ တရုတ်သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၇၀ရာခိုင်နှုန်းအတွက် ကျောက်မီးသွေးကို အလွန်အမင်းမှီခိုနေရဆဲကြောင့်ဖြစ်သည်။

သို့သော် ပြဿနာ၏ အခြားအကြောင်းရင်းများတွင် ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် မူဝါဒလွဲမှားမှုများနှင့် စဉ်းစားတွေးခေါ်မှုအားနည်းသောစျေးကွက်ဝင်ရောက်စွက်ဖက်မှုများလည်း ပါဝင်သည်ဟု နိုင်ငံခြားရေးမူဝါဒ အစီရင်ခံစာက မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ပြန်လည်နာလန်ထူလာသည့်အချိန်မှစ၍ နိုင်ငံ့စွမ်းအင်အကျပ်အတည်းကြောင့် စက်တင်ဘာလတွင်ပထမဆုံးအကြိမ်စက်မှုထုတ်ကုန် ကျဆင်းခဲ့သည်။

ဗဟိုအစိုးရသည် လျှပ်စစ်ကုမ္ပဏီများကိုပေးရသော ဓာတ်အားခစျေးနှုန်းကို ထိန်းညှိပေးပြီး ကျောက်မီးသွေးဈေးနှုန်းများကို စျေးကွက်တွင်သတ်မှတ်သည်။

တရုတ်အစိုးရသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးထိခိုက်မှုမှ ပြန်လည်နာလန်ထူပြီးနောက် ဆောက်လုပ်ရေးနှင့်အကြီးစားစက်မှုလုပ်ငန်းများအပေါ်များစွာမှီခိုခဲ့သည်။စွမ်းအင်လိုအပ်မှုတိုးလာခြင်းသည် ၂၀၂၁ခုနှစ် ပထမနှစ်ဝက်တွင်ကျောက်မီးသွေးလိုအပ်မှုကို ၁၁ရာခိုင်နှုန်းသို့ မြင့်တက်စေခဲ့သည်။

တိုးတက်မှုဖြစ်စဉ်သည် တရုတ်၏ “အစိမ်းရောင်ပြန်လည်ထူထောင်ရေး” နှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဟူသောနှိုးဆော်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။

ကျောက်မီးသွေးဝယ်လိုအားမြင့်တက်လာမှုသည် စျေးကွက်အမြဲ ကျပ်တည်း နေခြင်းကို ဆိုလိုကြောင်း နိုင်ငံခြားရေးမူဝါဒက ဆိုသည်။ ထိုအချိန်၌ တရုတ်၏အာရုံစိုက်မှုသည် ထုတ်လုပ်သူစျေးနှုန်းဖောင်းပွမှုကို တိုက်ဖျက်ရန်ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားဈေးနှုန်းများတက်လာခြင်းသည် ထိုအစီအစဉ်နှင့် မကိုက်ညီပေ။ “ကမ္ဘာလုံးဆိုင်ရာပြန်လည်နာလန်ထူပြီး ဝယ်လိုအားသိသိသာသာများလာပြီးတဲ့နောက် လောင်စာဆီဈေးနှုန်းတွေမြင့်တက်လာချိန်မှာ စည်းကမ်းကြပ်မတ်သူတွေဟာ ကျောက်မီးသွေးစျေးနှုန်းတွေတက်တာကို အလုံးစုံတားမြစ်ပိတ်ပင်မယ့် အရေးယူမှု လုပ်ဆောင်ခဲ့ပြီး တရားဝင်စျေးနှုန်းသတ်မှတ်တာကိုပါ စဉ်းစားနေကြပါတယ်။ တရုတ်ကျောက်မီးသွေးတူးဖော်သူတွေဟာ ပြည်ပမှာစျေးကွက်အတွင်းတခြားသူတွေရနေတဲ့ မြင့်မားတဲ့နှုန်းထားတွေကို မကောက်ခံနိုင်နိုင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်” ဟုနိုင်ငံခြားရေးမူဝါဒကဖော်ပြထားသည်။

ဓာတ်အားခစျေးနှုန်းမြှင့်တင်ရန်ပျက်ကွက်ခြင်းနှင့်ကျောက်မီးသွေးဈေးနှုန်းမြင့်တက်ရန် နှောင့်နှေးခြင်းတို့သည် ကျောက်မီးသွေးစက်ရုံများအား ကျောက်မီးသွေးဝယ်ယူမှုကိုဖြတ်တောက်ကာ ကုန်သိုလှောင်မှုကို ရပ်တန့်စေခဲ့သည်။

ပုံမှန်စျေးနှင့်ဝယ်လိုအား အခြေအနေများ ကျဆင်းသွားသောကြောင့် ကျောက်မီးသွေးတွင်းများသည် အချိန်မီမထုတ်လုပ်နိုင်တော့ကြောင်းလည်း ဆိုလိုသည်။

ပြန်လည်ပြည့်ဖြိုးမြဲနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ တရုတ်ဈေးကွက်ရှယ်ယာများသည် အဆက်မပြတ်မြင့်တက်နေသော်လည်းကြီးမားသော စွမ်းအင်အကျပ်အတည်းသည် ကျောက်မီးသွေးအပေါ် တရုတ်၏မှီခိုအားထားမှုကို သိသာစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly