တရုတ်က ခြိမ်းခြောက်နေသော်လည်း ထိုင်ဝမ်ကို အမေရိကန် ထောက်ခံ

တရုတ်က ခြိမ်းခြောက်နေသော်လည်း ထိုင်ဝမ်ကို အမေရိကန် ထောက်ခံ

အမေရိကန်က ထိုင်ဝမ်ကို ထောက်ခံခြင်းနှင့် ကာကွယ်ရေးကဏ္ဍဆက်ဆံရေးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထိုင်ဝမ်အပေါ် လက်ရှိခြိမ်းခြောက်မှုအား ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၇ရက် တွင် ပြောကြား ခဲ့သည်။

အမေရိကန်အထူးစစ်ဆင်ရေးတပ်ခွဲတစ်ခွဲနှင့် ကမ်းတက်တပ်ဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်၏ ကာကွယ်ရေးအင်အားကို အားဖြည့်ပေးရန် လျှို့ဝှက်စွာလေ့ကျင့်ပေးခဲ့သည်ဟု Wall Street Journal တွင် ဖော်ပြ ခဲ့ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဂျွန်စပယ်၏ မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျွန်စပယ်က သတင်း၏ အသေးစိတ်အချက်အလက်များအပေါ် မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သော်လည်း အမေရိကန်၏ တရုတ်တစ်ပြည်ထောင်မူဝါဒနှင့် ကာလရှည်ကတိကဝတ်များနှင့်အညီ ထိုင်ဝမ်အပေါ် “ခိုင်မာ၍ စည်းကမ်းရှိပြီး ပါတီ ၂ရပ်လုံး ” က ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု Focus Taiwan က ဖော်ပြခဲ့သည်။

နှစ်ဖက်ပြည်သူများ၏ ဆန္ဒများနှင့် အကောင်းဆုံးအကျိုးစီးပွားများနှင့်အညီ ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော် ပြဿနာများအား ငြိမ်းချမ်းစွာဖြေရှင်းရေးကို အမေရိကန်က ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဂျွန်စပယ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားအပါအဝင် အင်ဒို - ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို အမေရိကန်က အပြည့်အဝစိတ်ဝင်စားလျက်ရှိသည်။

"တရုတ်နိုင်ငံက ထိုင်ဝမ်၊ အရှေ့တရုတ်ပင်လယ်နှင့် တည်ငြိမ်မှုအားနည်းပြီး တွက်ဆမှုမှားယွင်းနိုင်သည့် အန္တရယ်ကြီးမားလာတဲ့ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ခြင်း အပါအဝင် ထိုင်ဝမ်၊ အခြားမဟာမိတ်များနှင့် မိတ်ဖက်များအားခြိမ်းခြောက်ခြင်းများကို အရှိန်မြှင့်လုပ်ဆောင်လာပါတယ် " ဟု သူက ဆက်ပြောသည်။

ထိုင်ဝမ်က ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးကိုမြှင့်တင်ရာတွင် အမေရိကန်နှင့် အခြားစိတ်တူကိုယ်တူမိတ်ဖက်များနှင့် ဆက်လက်လက်တွဲသွားမည်ဟု ပြောကြားထားသည်။

မတည်ငြိမ်မှုကိုဖြစ်ပွားစေသည့် လုပ်ရပ်များရှိနေစဉ် ထိုင်ဝမ်အပေါ်အမေရိကန်၏ ထောက်ခံမှုနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် ၏ မှတ်ချက်စကားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး၊ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာတွင် “ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုမြှင့်တင်ရာတွင် အမေရိကန်နှင့် အခြားစိတ်တူကိုယ်တူမိတ်ဖက်များနှင့် ဆက်လက်လက်တွဲ သွားမည် " ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required