ဇီးကုန်းမြို့ ရဲကင်းကို ဗုံးဖြင့်တိုက်ခိုက်၊ ရဲ ၂ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

ဇီးကုန်းမြို့ ရဲကင်းကို ဗုံးဖြင့်တိုက်ခိုက်၊ ရဲ ၂ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၁

သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ ရဲကင်းစခန်းတခုကို ယမန်နေ့ညက လက်ပစ်ဗုံးများဖြင့်ပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးသေဆုံးကာ နှစ်ဦးကို ဆေးရုံတင်ကုသမှုပေးနေရကြောင်း ဒေသခံများကပြောသည်။

ဇီးကုန်းမြို့တွင်း တိုးဂိတ်အနီးတွင် ရှိသော ရဲကင်းစခန်းကို ည ၁၁ နာရီခန့်က လက်ပစ်ဗုံးနှစ်လုံးပစ်ခံရမှုကြောင့်“ တစ်ယောက် က ပွဲချင်ပြီးသေတယ်။ နောက်တစ်ယောက်က ဆေးရုံမှာ သေတယ် ။ ဒုတပ်ကြပ်နဲ့ တပ်သား တစ်ယာက်လည်း ပြည်ဆေးရုံမှာ အရေးပေါ်ကုနေရတယ်”ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုမှာ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဇီးကုန်းမြို့တွင် စစ်အုပ်စုဘက်ကိုလက်နက်ဖြင့်တိုက်ခိုက်မှု ပထမဆုံး အကြိမ်ဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly