ပဲခူးမြို့က ရာအိမ်မှူးအိမ်ဗုံးကွဲ ၄ဦး ဒဏ်ရာရ

ပဲခူးမြို့က ရာအိမ်မှူးအိမ်ဗုံးကွဲ ၄ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၁

ပဲခူးမြို့တွင် ဒလန်ဟုစွပ်စွဲခံရသူ ရာအိမ်မှူးတစ်ဦး၏နေအိမ်တွင် ယနေ့နံနက် က ဗုံးပေါက်ကွဲခဲ့ရာ ရာအိမ်မှူးအပါအဝင် မိသားစုဝင်လေးဦးဒဏ်ရာရသွားခဲ့ သည်ဟု ဒေသခံများကပြောသည်။

သရက်တော (၁) လမ်းရှိ ရာအိမ်မှူးကိုမောင်ဦးဆိုသူ၏ နေအိမ်တွင် နံနက် ၆ နာရီဝန်ကျင်တွင် ဗုံးပေါက်ကွဲမှုက ရာအိမ်မှူး၊ သူ၏ဇနီးနှင့် ကလေးနှစ်ဦးကို ဒဏ်ရာရသွားစေသည်။

“သူက လူစွာလေ နံမည်ကြီးပေါ့။ မောင်ဦးက လက်ထိတယ်။ သူ့မိန်းမက ပါးထိတယ်။ ကလေးနှစ်ယောက်ကခါးထိတယ်ဗျ ။ အခုတော့ ဆေးရုံကိုပို့လိုက် ပြီ”ဟု မြို့ခံတဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly