အသက်ကန့်သတ်ချက် မမှီသူများ ပိုက်ဆံပေး၍ ကာကွယ်ဆေးထိုးနေကြ

အသက်ကန့်သတ်ချက် မမှီသူများ ပိုက်ဆံပေး၍ ကာကွယ်ဆေးထိုးနေကြ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ် အသက်မပြည့်သူများအား ပိုက်ဆံတောင်းပြီး ထိုးပေးနေခြင်းများရှိနေသည် ဟု ကာကွယ်ဆေး သွား ရောက်ထိုးနှံခဲ့သူများ က ပြောသည်။

လက်ရှိကျန်းမာရေးဝန်ကြီးဌာနက အသက် ၅၅ နှစ် အထက်လူကြီးများကို ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်ပြီး အသက် ၅၅ နှစ်အောက် လူများက ဆေးတစ်လုံးလျှင် ကျပ် ၂၀၀၀၀ ခန့်ပေး၍ ထိုးနှံနေကြရသည်ဟု ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် အတွင်းနေထိုင်သူ အချို့ က ပြောသည်။

လှိုင်မြို့နယ်၊ ၅ ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက “ပိုက်ဆံပေးပြီး ထိုးတဲ့သူတွေထဲမှာ လူငယ်တွေလဲပါတယ်။ ပထမ ၆၅ နှစ်အထက်၊ နောက်တစ်ကြိမ်က ၅၅ နှစ် အထက်ထိုးပေး တာ။ အသက်မပြည့်တဲ့သူတွေက ရပ်ကွက်လူကြီးတို့ ဘာတို့နဲ့ ပြောပြီးလာထိုးတဲ့ သူတွေအများ ကြီးပဲ” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင် အချို့က သတ်မှတ် အသက် မပြည့်သေးသော်လည်း လာရောက် ကူ ညီ လုပ်ကိုင်ပေးနေသည့် ကြက်ခြေနီဝန်ထမ်းများ၊ လူငယ်အဖွဲ့များနှင့် ရင်းနှီးသူ အချို့ကိုလည်း အခမဲ့ထိုးပေး ခြင်းများလည်း ရှိနေသည်ဟု လှိုင်မြို့နယ်၊ ၇ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၇၀ ကျော် အရွယ် အမျိုး သား တစ်ဦးက ရှင်းပြသည်။

လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးနေထိုင်သည့် အသက် ၈၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက “ဒီဖက်မှာ ပိုက်ဆံပေးပြီး ထိုးတာတော့ အသံမကြားမိဘူး။ အဖွားကတော့ မထိုးတော့ဘူး။ တရုတ် ဆေးကိုမယုံလို့။ အိမ် က သမီးတော့သွားထိုးတယ်။ နောက်တခြား ဆေးတွေလာဦးမှာပါ။ အဖွားကအဲ့တော့မှပဲ ထိုးတော့မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်-၁၀ ရောဂါ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၈ ဒဿမ ၂၆၄ သန်း ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဝယ်ယူရောက်ရှိလာ ကာကွယ်ဆေးပေါင်း ၁၈ သန်းနှင့် လှူဒါန်းလာသည့် ကာကွယ်ဆေး စုစုပေါင်း ၅ သန်းကျော် ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly