အီရန်ဟက်ကာများ နယူးယောက်ရေကာတာ ထိန်းချုပ်ရေး ကွန်ပြူတာသို့ ထိုးဖောက်ဝင်ရောက်

အီရန်ဟက်ကာများ နယူးယောက်ရေကာတာ ထိန်းချုပ်ရေး ကွန်ပြူတာသို့ ထိုးဖောက်ဝင်ရောက်

နယူးယောက်၊ ဒီဇင်ဘာ ၂၂ ။           ။ အီရန်နိုင်ငံက ဟက်ကာများက အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နားတွင်ရှိသော ရေကာတာအား ထိန်းချုပ်သည့် ကွန်ပြူတာများသို့ ဖောက်ထွင်းဝင်ရောက် ခဲ့ကြောင်း Wall Street ဂျာနယ်က သတင်းရရှိ ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှု မရှိခဲ့သော်လည်း တိုက်ခိုက်ခံရသည့် ကွန်ပြူတာများသည် ရေကြီးမှုထိန်းချုပ်စနစ်ကို လည်ပတ်နေသည့် ကွန်ပြူတာ များဖြစ်ကြောင်း ယင်းသတင်း၌ ဖော်ပြထားသည်။

နိုင်ငံများက လက်သပ်မွေးထားသည့် ဟက်ကာများက အမေရိကန်၏ တစ်မျိုးသားလုံးနှင့်ဆိုင်သော အခြေခံအဆောက်အအုံများကို ပုံမှန်လို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေကြောင်း သီးခြားအေပီသတင်း တစ်ရပ်တွင်လည်း သတင်းဖော်ပြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လျှပ်စစ်စွမ်းအင်ကွန်ရက်များကို ဟက်ကာများက ၁၂ ကြိမ်ခန့် တိုက်ခိုက်လိုက်နိုင်ခဲ့ကြောင်းလည်း ယင်းသတင်းက ဆိုသည်။

ယခုတိုက်ခိုက်မှုသည် နယူးယောက်ပြည်နယ် ရီးအရပ်ရှိ Bowman Avenue ရေကာကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့နိုင်၍ ကျွမ်းကျင်ပညာရှင်များက ယင်းသို့ ဝင်ရောက်လာခြင်းကို ပြန်လည်ချေဖျက်ပစ်နိုင်ခဲ့ကြောင်းလည်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ဟက်ကာတိုက်ခိုက်မှုသည် အီရန်မှ လာခြင်းဖြစ်ဖွယ်များကြောင်း စုံစမ်းစစ်ဆေးမှုတစ်ရပ်က ထောက်ပြထားပြီး အမေရိကန်အစိုးရအနေဖြင့် နိုင်ငံ၏ ဆိုင်ဘာလုံခြုံရေးစွမ်းရည်ကို မြှင့်တင်ရန် အတိအကျလိုအပ်နေခြင်းကိုလည်း သတိပေးထားကြောင်းလည်း သတင်းတွင် ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly