တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် ဆိုင်ကယ်စစ်ကြောင်းကို PDF က မိုင်းဆွဲတိုက်ခိုက်၊ စစ်‌ကောင်စီဘက်က အနည်းဆုံး ၂ ဦး ဒဏ်ရာရ

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် ဆိုင်ကယ်စစ်ကြောင်းကို PDF က မိုင်းဆွဲတိုက်ခိုက်၊ စစ်‌ကောင်စီဘက်က အနည်းဆုံး ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၀

တန့်ဆည်မြို့နယ်တွင် ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးတပ်သားနှစ်ဦးထိခိုက်သွားကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ တန့်ဆည်မြို့နယ်၊ နဘက်ကြီးရွာနှင့် သစ္စေးကုန်းရွာကြားတွင် ယနေ့ ( အောက်တိုဘာ ၁၀ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က တန့်ဆည်-ပြည်သူ့ကာကွယ်ရေးတပ် (တန့်ဆည်- PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံး စခ (စစ်ကောင်စီတပ်သား) နှစ်ကောင်ထိခိုက်မှုရှိကြောင်းကနဦးသတင်းရရှိပြီး ပြည်သူ့ရဲဘော်များအားလုံး ဘေးကင်း လုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ပြီ”ဟု တန့်ဆည်-PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း စစ်ကောင်စီစစ်ကြောင်းတွင် ဆိုင်ကယ် ၂၄ စီးနှင့် တပ်သား ၄၇ ဦးပါဝင်ပြီး ၎င်းတို့ တိုက်ခိုက်ခံရအပြီး သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ကာ မြောက်ကျောရွာဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း တန့်ဆည်မြို့ CDM Support Team လူမှုကွန်ရက် စာမျက်နှာတွင်လည်းဖော်ပြထားသည်။

ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် အဆိုပါမိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် တန့်ဆည်မြို့နယ်အတွင်းရှိ ပေါင်းကျ‌ကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly