အိန္ဒိယက လျှပ်စစ်ဓာတ်အားပေးလိုင်းကို နီပေါသို့ လွှဲပြောင်း

အိန္ဒိယက လျှပ်စစ်ဓာတ်အားပေးလိုင်းကို နီပေါသို့ လွှဲပြောင်း

အိန္ဒိယအစိုးရက ၁၀၆ ကီလိုမီတာ အရှည်ရှိသည့် ကိုရှီစင်္ကြံ လျှပ်စစ်ဓာတ်အားပေးလိုင်းကို နီပေါလျှပ်စစ်လုပ်ငန်း အာဏာပိုင်အဖွဲ့သို့ အောက်တိုဘာ ၆ ရက်က လွှဲပြောင်းပေးအပ်လိုက်သည်။

နီပေါရူပီး ၁၀ ဒသမ ၄၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈ သန်း) ကုန်ကျသည့် အဆိုပါာတ်အားပေးလိုင်းကို အိန္ဒိယ EXIM ဘဏ်မှတစ်ဆင့် အစိုးရချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအဆင့်၁ သည် ရူပီးငွေ ၄ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၃ သန်း) ကုန်ကျပြီး အိန္ဒိယနိုင်ငံ ကာလပါတာရူ ဓာတ်အားပေး ကုမ္ပဏီလီမိတက် (KPTL) က အကောင်အထည်ဖော်ခြင်းဖြစ်ကာ အောင်မြင်စွာတည်ဆောက်၍ ဓာတ်အားစတင်လွှတ်ပေးပြီးနောက် နီပေါလျှပ်စစ်လုပ်ငန်း အာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် အဆင့် ၂ ဆင့် ပြီးစီးပါက အာရွန်နှင့် တာမာ မြစ်ဝှမ်းဒေသများရှိ ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများကို မဂ္ဂါဝပ် ၂၀၀၀ အထိ ထုတ်ပေးနိုင်မည်ဖြစ်သည်။

ကိုရှီစင်္ကြံဓာတ်အားလိုင်းအပြင် အိန္ဒိယက နီပေါတွင် အခြား ပြည်တွင်းဓာတ်အားပေးလိုင်း ၂ လိုင်း တည်ဆောက်ရာတွင်လည်း ကူညီပံ့ပိုးလျက်ရှိကာ ၎င်းတို့မှ ၁၃၂ ကီလိုဗို့စီ ထုတ်လွှတ်ပေးနိုင်မည် ဖြစ်သည်။

အိန္ဒိယသည် နှစ်နိုင်ငံအကြား ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ဓာတ်အားပေးလိုင်းအများအကြားတည်ဆောက် ရာတွင်လည်း ကူညီပံ့ပိုးလျက်ရှိရာ အိန္ဒိယက ‘အိမ်နီးချင်းဦးစားပေး’ မူဝါဒ အစိတ်အပို်င်း မူဝါဒ၏ အစိတ်အပိုင်းတစ်ခုအဖြစ် နယ်စပ်ဖြတ်ကျော် စီးပွားရေးချိတ်ဆက်မှုကို ကောင်းမွန်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly