အိန္ဒိယက ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအများဆုံး ထုတ်သည့် နိုင်ငံဟု အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးပြောကြား

အိန္ဒိယက ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအများဆုံး ထုတ်သည့် နိုင်ငံဟု အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးပြောကြား

အိန္ဒိယနှင့် အမေရိကန်တို့သည် ကဏ္ဍအများအပြား၌ ပါဝင်ဆောင်ရွက်ရာတွင် ခွဲခြားမရသော မိတ်ဖက်ဖွဲ့စည်းထားပြီး နှစ်နိုင်ငံစလုံးက မည်သည့် အခက်အခဲကိုမဆို လက်တွဲကျော်လွှားနိုင်ခဲ့ကြောင်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်းက အောက်တိုဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

“ဝန်ကြီးချုပ်မိုဒီ မကြာသေးမီက ဝါရှင်တန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက Quad အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲသည် မိမိတို့၏ ခွဲခြားမရသော မိတ်ဖက်ဖွဲ့စည်းမှုကို ဖော်ပြနေပါတယ်” ဟု ရှာမန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ်ဗာဓန်ရှရင်ဂလာက ပြောကြားသည်။

“အမေရိကန်နဲ့ အိန္ဒိယတို့ လက်တွဲပူးပေါင်းပြီး မဖြေရှင်းနိုင်တဲ့ ပြဿနာမရှိပါဘူး” ဟုလည်း သူမက ပြောကြားသည်။

ကာကွယ်ဆေးများ ပြည်ပသို့ ပြန်လည်တင်ပို့မည့် အိန္ဒိယ၏ အစီအစဉ်နှင့် ပတ်သက်၍ ချီးမွမ်းရာတွင် ရှာမန်းက အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကာကွယ်ဆေးအများဆုံး ထုတ်သည့် နိုင်ငံအဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အရေးကြီးသည် ဦးဆောင်နိုင်ငံ ဖြစ်သည်ဟုလည်း ရှာမန်းက ပြောသည်။

“Quad အဖွဲ့၏ ကာကွယ်ဆေး မိတ်ဖက်အစီအစဉ်ဖြင့် ကမ္ဘာ့နိုင်ငံများ၌ ကာကွယ်ဆေးထိုးရာတွင် အိန္ဒိယနှင့် ပူးပေါင်း လုပ်ကိုင်ရန် မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နှစ်နိုင်ငံပူးပေါင်းကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ပြဿနာကို ဖြေရှင်းသွားမည်ဟုလည်း ရှာမင်းက ပြောကြားသည်။

ထို့ပြင် အမေရိကန်နှင့် အိန္ဒိယတို့သည် ကာကွယ်ရေးဆိုင်ရာ အဓိကမိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်းနှင့် မိမိတို့၏ လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဖွဲ့စည်းခြင်းသည် အင်ဒို-ပစိဖိတ်ဒေသအပါအဝင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရရှိစေမည်ဟု သူမက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly