တရုတ်၏ရန်လိုသော သဘောထားကြောင့် ဗြိတိန်နှင့်ဆက်ဆံရေး အစွန်းအထင်း ဖြစ်လာ

By The Singapore Post
10 October 2021
တရုတ်၏ရန်လိုသော သဘောထားကြောင့် ဗြိတိန်နှင့်ဆက်ဆံရေး အစွန်းအထင်း ဖြစ်လာ

ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အစိုးရသည် ဗြိတိန်၏ အရှေ့ဘက်ကမ်းရိုးတန်းတွင်ပေါင် ၂၀ ဘီလီယံတန်ဖိုးရှိ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးမှ တရုတ် အစိုးရပိုင် China General Nuclear Power Group (CGNPG) ကုမ္ပဏီအား ဖယ်ရှားပစ်ရန် အဆိုပြုချက်တစ်ခုကို လုပ်ဆောင်လျက်ရှိသည်။

ယခုနှစ်အစောပိုင်းက ဗြိတိန်ပါလီမန်အမတ်များနှင့် အကြံပေး အဖွဲ့ဝင်များအပေါ်တရုတ်၏ အကြောင်းမဲ့ တန်ပြန်အရေးယူမှုများကြောင့်ဖြစ်ပေါ်ခဲ့သော ဗြိတိန်-တရုတ်နှစ်နိုင်ငံဆက်ဆံရေးကျဆင်းမှုအပြီး မကြာမီမှာပင် နိုင်ငံတွင်းနျူကလီးယားလုပ်ငန်းမှ တရုတ်အား ဖယ်ရှားမည့်အလားအလာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

သို့သော် ဗြိတိန်သည် ယခုအခါ အင်ဒို-ပစိဖိတ်ကို အလေးထားသော AUKUS လုံခြုံရေးမဟာမိတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလျက် တရုတ်ဆန့်ကျင်သောရပ်တည်ချက်ကို ပိုမိုခိုင်မာသွားစေနိုင်သည်ဟု တရုတ်အနေဖြင့် မျှော်လင့်နိုင်သည်။

တရုတ်၏ CGNPG သည်၂၀၁၅ ခုနှစ်တွင်ဗြိတိန်အစိုးရနှင့်သဘောတူညီချက်ရရှိခဲ့ပြီး ပြင်သစ်၏ EDF ကုမ္ပဏီနှင့် ပူးပေါင်းကာ Hinkley၊ Sizewell နှင့် Bradwellတွင် နျူကလီးယားဓာတ်ပေါင်းဖို ၃ ခုကို ငွေကြေး ထောက်ပံ့ရန် သဘောတူညီခဲ့သည်။

ြိတိန်သည် ၎င်း၏ ကြာမြင့်ပြီဖြစ်သော နျူကလီးယားဓာတ်အားပေးစက်ရုံများကို ပြန်လည် မွမ်းမံရန် နည်းလမ်းကို အပူတပြင်းရှာဖွေနေချိန်တွင် သဘောတူညီချက် ရခဲ့ခြင်းဖြစ်သော်လည်း အဆိုပါ သဘောတူညီချက်သည် များပြားသော ကြိုတင်ကုန်ကျစရိတ်များ ပေးချေရန ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်ခဲ့သည်။

တရုတ်၏ ပြင်းထန်သော အမျိုးသားလုံခြုံရေးဥပဒေဖြင့် ဖိနှိပ်ခြင်းက ဟောင်ကောင်တွင်နေထိုင်သူများအား ဗြိတိန်နိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်အတွက် လမ်းကြောင်းဖွင့်ပေးရန် ဖြစ်လာခဲ့သည်။

ပေါင်းသင်းဆက်ဆံရေးကို အဆိပ်အတောက်ဖြစ်စေသော အခြားပြသနာတစ်ခုမှာ နိုင်ငံအတွင်း တပ်ဆင်ထားသော ဟွာဝေး ဆက်သွယ်ရေးကိရိယာများတွင် နိုင်ငံတော်အဆင့် သိသာထင်ရှားသော အားနည်းချက်ကို ဗြိတိန်၏အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာက ၂၀၂၀ ၌ ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဗြိတိန်သည် ၂၀၀၅ ခုနှစ်တွင်ဟွာဝေးအား၎င်း၏ဆက်သွယ်ရေးကွန်ရက်ကိုအဆင့်မြှင့်တင်ရန် ဝင်ရောက် လုပ်ကိုင်ခွင့် ပြုခဲ့သည်။

သို့သော် ကမ္ဘာတစ်ဝန်း၌ ဟွာဝေး၏ပစ္စည်းကိရိယာများအပေါ် လုံခြုံရေးနှင့် သူလျှိုလုပ်ထောက်လှမ်း ခြင်းများကို စိုးရိမ်လာမှုက ဗြိတိန်၏စိုးရိမ်မှုများကိုပိုမို မြင့်တက်စေခဲ့ပြီး နိုင်ငံ၏ 5G ကွန်ရက်တွင် ဟွာဝေးပစ္စည်း တပ်ဆင်ခြင်းကို စောစောစီးစီးတားမြစ်ရန် အစိုးရအား တွန်းအားလည်းဖြစ်စေခဲ့သည်။ အထူးသဖြင့် တရုတ်ကို သတိထားလျက် ဗြိတိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စိစစ်သောအမျိုးသား အခြေခံအဆောက်အအုံနှင့်ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း အစိုးရက အတည်ပြုခဲ့သည်။

တရုတ်သည်၂၀၂၁ ခုနှစ်မတ်လတွင် တရုတ်အဆန့်ကျင်ဆုံးသူများဖြစ်သည့် ဗြိတိန်ပါလီမန်အမတ် ၅ ဦး နှင့် အခြားနိုင်ငံသား ၄ ဦးကိုတန်ပြန်ဒဏ်ခတ်မှုချမှတ်ခဲ့သည်။ ရှင်ကျန်းတွင် ဝီဂါလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်အား ဥရောပသမဂ္ဂနှင့်ဗြိတိန်တို့၏ပိတ်ဆို့မှုများကို တန်ပြန်သည့်အနေဖြင့် ထိုသို့အရေးယူဒဏ်ခတ်ခြင်းဖြစ်သည်။ ဒဏ်ခတ်အရေးယူခံရသောပုဂ္ဂိုလ်များနှင့်၎င်းတို့၏သွေးရင်းမိသားစုဝင်များကိုတရုတ်ပိုင်နက်ထဲသို့ ဝင်ရောက်ခြင်းကို တားမြစ်ထားပြီး တရုတ်နိုင်ငံသားများနှင့်အဖွဲ့အစည်းများကိုလည်း ၎င်းတို့နှင့်စီးပွားရေးလုပ်ခြင်းကို ပိတ်ပင်ထားသည်။

တရုတ်လုပ်ရပ်များသည် ဗြိတိန်ပါလီမန်မှ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဇွန်လတွင်ပါလီမန် နိုင်ငံခြားရေးရာကော်မတီ၏အစီရင်ခံစာ၌ တရုတ်ကဲ့သို့သောသက်ဦးဆံပိုင်နိုင်ငံများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အင်တာပိုလ်ကဲ့သို့သော ဘက်ပေါင်းစုံအဖွဲ့အစည်းများကို ထိန်းချုပ်၊ နှောက်ယှက်ရန် သို့မဟုတ် ဖြိုခွင်းရန်ပင်ကြိုးစားနေကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

သမိုင်းဝင် AUKUS လုံခြုံရေးသဘောတူစာချုပ်ဖြစ်ပေါ်လာခြင်းသည်ယခုအခါ ဗြိတိန်၏တရုတ်ဆန့်ကျင်ရေး ဦးတည်ချက်ကိုခိုင်မာစွာ အဆုံးအဖြတ်ပေးလိုက်သည်။ သို့သော်ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကိုရှာဖွေရာတွင်ရန်လိုသောနိုင်ငံခြားရေးမူဝါဒအား မရှက်မကြောက် ဆုပ်ကိုင်ထားမှုအတွက် တရုတ်ကို အပြစ်တင်ရန်သာရှိသည်။

ပေါ်ထွက်လာသောတရုတ်ဆန့်ကျင်ရေးမဟာမိတ်များ ကွန်ရက်သည် ယခုအခါဘေဂျင်း၏ စူးစမ်းရှာဖွေမှုတွင် ခြေထိုးလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly