အာဏာရကွန်မြူနစ်ပါတီကို ဝေဖန်ခြင်းကြောင့် တရုတ်တွင် ဩဇာရှိသူ အာဏာရှိသူနှင့် ချမ်းသာသူများ လူမြင်ကွင်းမှ ပျောက်ကွယ်

အာဏာရကွန်မြူနစ်ပါတီကို ဝေဖန်ခြင်းကြောင့် တရုတ်တွင် ဩဇာရှိသူ အာဏာရှိသူနှင့် ချမ်းသာသူများ လူမြင်ကွင်းမှ ပျောက်ကွယ်

တရုတ်နိုင်ငံတွင် အစိုးရအား ဆန့်ကျင်သူများအပေါ် လျှို့ဝှက်ရက်စက်သောအစီအစဉ်တစ်ခုအဖြစ် အာဏာပိုင်များသည် နေအိမ်များနှင့်လမ်းများပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် လူထောင်ပေါင်းများစွာ ပျောက်ကွယ်ခဲ့ကြသည်ဟု သတင်းမီဒီယာတစ်ခု၌ ဖော်ပြထားသည်။

ကွန်မြူနစ်အစိုးရအတွက် လူတစ်ဦးသည် မည်မျှချမ်းသာပြီးသြဇာကြီးသည်ဖြစ်စေ၊ မည်သူမည်ဝါမှန်းမသိဘဲ နာမည်မကြီးသူဖြစ်စေ အရေးမကြီးဟု ဩစတြေးလျဝက်ဘ်ဆိုက် News.com.au က ဖော်ပြခဲ့သည်။ ကွန်မြူနစ်ပါတီကိုဝေဖန်ဝံ့သူမည်သူမဆို သို့မဟုတ် ၎င်း၏စံတန်ဖိုးများကို မထောက်ခံသူသည် ပစ်မှတ်ထားခံရနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စနစ်နှင့် ၎င်းကိုထိန်းသိမ်းစောင့်ရှောက်သူများကို စော်ကားခြင်း သို့မဟုတ် စိတ်ပျက်စေခြင်းအတွက် နိုင်ငံအနှံ့တွင် အာဏာပိုင်များက ပျမ်းမျှအားဖြင့်တစ်နေ့လျှင် အနည်းဆုံးလူ ၂၀ ခန့် ကို ပျောက်ကွယ် စေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က ပြောသည်။

eBay၊ Amazon နှင့် PayPal ဟူသောလုပ်ငန်းများစွာကဲ့သို့ Alibaba Group အွန်လိုင်းဈေးရောင်းလုပ်ငန်းကို တည်ထောင်သူ ဘီလျံနာနည်းပညာ လုပ်ငန်းရှိကြီး ဂျက်မားနှင့်ဖြစ်ပွားသည့် ပြဿနာကဲ့သို့ အခြား ထင်ရှားသည့်ကိစ္စ များစွာရှိခဲ့သည်။ ဂျက်မားသည် ၂၀၂၀ ခုနှစ်အောက်တိုဘာလက ရှန်ဟိုင်း Bund Summit ၌ မိန့်ခွန်းပြောခဲ့ရာတွင် နိုင်ငံ၏ဘဏ်လုပ်ငန်းစည်းမျဉ်းများနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျက်မား သည် နောက်ပိုင်းတွင် တရုတ်အစိုးရ၏ ဆင့်ခေါ်ခြင်းခံခဲ့ရပြီး မကြာမီမှာပင် ဒဏ်ငွေနှင့် အခြား အရေးယူခြင်းများကြောင့် သူ၏ ငွေကြေးဆိုင်ရာ အကျိုးအမြတ်များ ဆိုးဆိုးရွားရွားထိခိုက်ခဲ့ကြောင်း News.com.au. ၌ ဖော်ပြထားသည်။

တာဝန်ရှိသူများက "ကျော်ကြားသူများသည် အနောက်တိုင်းအတွေးအမြင်စနစ်ကို တွယ်ကပ်တတ်သည်" ဟု စိုးရိမ်သောကြောင့် တရုတ်နိုင်ငံတွင်ချမ်းသာကြွယ်ဝပြီး ဩဇာရှိခြင်းသည် အစိုးရ၏ စိစစ်မှုအတွက် အကြောင်းရင်းတစ်ခုဖြစ်နိုင်ပေသည်။

ဘီလျံနာမင်းသမီးနှင့်အဆိုတော်တစ်ဦးဖြစ်သည့် ကျောင်ဝေသည် မည်သည့်ရာဇဝတ်မှုမှကျူးလွန်ခဲ့ဟန်မရှိဘဲ နာမည်ကျော်ဖြစ်နေသည့်အတွက်ကို လူမှုမီဒီယာများနှင့် အွန်လိုင်း ပလက်ဖောင်းများမှ ရုတ်တရက် ကွယ်ပျောက်သွားခဲ့သည်ဟု News.com.au. ကဆိုသည်။

တရားခံများသည် ချစ်ခင်ရသူများနှင့် အဆက်အသွယ်မရသလို ၎င်းတို့ထိန်းသိမ်းခံရစဉ်ကာလတွင်လည်း ရှေ့နေများကို ဆက်သွယ်ခွင့်မရှိပေ။

“ကြီးကြပ်ကွပ်ကွဲမှုမရှိသလောက်နီးပါးဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေက သာမန်လို ဖြစ်နေပါတယ်။ ဒါဟာ နိုင်ငံတော်က ပြစ်ဒဏ်ချမှတ်တဲ့ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုပါ။ အတင်းအဓမ္မပျောက်ကွယ်သွားစေဖို့ ကျယ်ကျယ်ပြန့်ပြန့်နဲ့စနစ်တကျ လုပ်ဆောင်မှုတွေပါဝင်ပါတယ်” ဟု Safeguard Defenders ဟု ဆိုသည်။

ဝူဟန်မြို့က စီးပွားရေးသမား ဖန်ဘင်သည် ကပ်ရောဂါကာလ အစောပိုင်းရက်သတ္တပတ်များအတွင်းက ကိုဗစ်-၁၉ လူနာများနှင့် ပြည့်နှက်နေသော ဒေသခံဆေးရုံတစ်ရုံ၏ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင်တင်ခဲ့သည်။ ၎င်းကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြပြီး နောက်ပိုင်း မတွေ့မြင်ရတော့ပေ။

ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသူများသည် သံသယဖြစ်ဖွယ် ရာဇဝတ်မှုများအတွက် တရားရင်ဆိုင်ရပြီး အပြစ်ရှိသည်ဟု အလျင်အမြန်ဆုံးဖြတ်ကာ ပြစ်ဒဏ်ပိုပေးခံကြရသည်။

၎င်းအပြင် တရုတ်နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းစခန်းကွန်ရက်အများအပြားတွင် ထောင်ချခံထားရသော ဝီဂါအရေအတွက် ခန့်မှန်း ၁ ဒသမ၅ သန်းရှိသည်။ မွတ်စလင်လူနည်းစုများအား နှိပ်ကွပ်မှုသည် နိုင်ငံတကာက နှစ်ပေါင်းများစွာ ပြစ်တင်ရှုံ့ချခြင်းခံရသည့်အရာဖြစ်ပြီး လွတ်လပ်သောစုံစမ်းမှုမျိုးစုံက ၎င်းဖြစ်ရပ်အား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပုံဖော်ခဲ့ကြသည်ဟု News.com.au. ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly