Alibaba ၏ ရှယ်ယာ ဈေးနှုန်းများမြင့်တက်

Alibaba ၏ ရှယ်ယာ ဈေးနှုန်းများမြင့်တက်

Alibaba Group Holding Limited အပါအဝင် တရုတ်ကုမ္ပဏီများစွာ၏ အစုရှယ်ယာများသည် တရုတ်ရွှေ သီတင်းပတ် အားလပ်ရက်အပြီးတွင် ဈေးနှုန်းများမြင့်တက်လာခဲ့သည်။

တရုတ်တွင် ဝန်ဆောင်မှု လုပ်ငန်းသည် ပြန်လည်ကောင်းမွန်သည့် အဆင့်သို့ ပြန်လည်ရောက်ရှိလာပြီဟု အချက်အလက်များတွင် ဖော်ပြကြောင်း သတင်းများ ထွက်ပေါ်လာသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဆူလီဗန်နှင့် သံတမန် ယန်ကျဲချီတို့ တွေ့ဆုံမှုသည် အပြုသဘော ဆောင်ကြောင်း တရုတ်အစိုးရက မှတ်ချက်ပြုပြီးနောက် Alibabaနှင့် အခြား တရုတ်စတော့ရှယ်ယာများလည်း အောက်တိုဘာ ၇ရက်တွင် မြင့်တက်ခဲ့သည်။

ကုမ္ပဏီ၏ စတော့ရှယ်ယာများသည် ပြီးခဲ့သည့် ၅ ရက်အတွင်း ခန့်မှန်းခြေအားဖြင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Alibabaသည် ယင်း၏လက်အောက်ခံကုမ္ပဏီများမှ တဆင့် ကုန်သည်များ၊ ကုန်အမှတ်တံဆိပ်များ၊ လက်လီ အရောင်းဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ တရုတ်ပြည်နှင့် နိုင်ငံတကာမှ သုံးစွဲသူများ၊ ဝယ်သူများနှင့် ဆက်သွယ်နိုင်ရေးအတွက် အခြေခံအဆောက်အအုံ နည်းပညာများနှင့် ဈေးကွက်ရှာ ဖွေနိုင်မှုကို ပံ့ပိုးပေးသည်။

အောက်တိုဘာ ၈ရက်က သတင်းထုတ်ပြန်ချိန်တွင် Alibaba၏ စတော့ရှယ်ယာဈေးနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၆၀ ဒသမ ၃၅ နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly