တရုတ်ကွန်မြူနစ်ပါတီတွင်း အကျင့်ပျက်ခြစားမှုကိစ္စကို စုံစမ်းစစ်ဆေးနေ

By The HK Post
10 October 2021
တရုတ်ကွန်မြူနစ်ပါတီတွင်း အကျင့်ပျက်ခြစားမှုကိစ္စကို စုံစမ်းစစ်ဆေးနေ

တရုတ်ကွန်မြူနစ်ပါတီတွင် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲမှုများ ရှိနေသည်။ လူမှုရေးနှင့် ဥပဒေရေးရာ ကော်မတီ ဒုတိယညွှန်ကြားရေးမှူးသည် စည်းကမ်းချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးခံနေရသည်။

ကျန်းဟွားကဲ့သို့သော အထင်ကရ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးသည် အဂတိလိုက်စားမှု၌ ပါဝင်နေပြီး ၎င်းသည် တစ်ချိန်က တရုတ် အစိုးရတွင် ထင်ရှားသည့် အရာရှိတစ်ဦးဖြစ်ခဲ့သည်။ အဂတိလိုက်စားမှုပြဿနာသည် တရုတ်နိုင်ငံရေး နှင့် တရားရေးစနစ်တွင် အမြစ်တွယ်နေကြောင်း ယင်းအချက်က ရှင်းရှင်းလင်းလင်း ဖော်ပြ သည်ဟု ပီကင်းတက္ကသိုလ်မှ အစိုးရဂုဏ်သိက္ခာတည်ဆောက်ရေးသုတေသနစင်တာမှ ဒုတိယညွှန်ကြားရေးမှူး ကျွမ်းသဆွေကို ကိုးကား၍ Global Times က ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ၌ ရာထူးမယူမီ အစောပိုင်းက ကျန်းဟွား သည် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မန်ဟုတ်ဝေသည်လာဘ်ပေးလာဘ်ယူမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထောင်ဒဏ် ၁၃ နှစ်ခွဲချမှတ်ခံခဲ့ရကြောင်း Global Times က ဖော်ပြခဲ့သည်။

ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်သော လှုပ်ရှားမှုများအား ကာကွယ်ခြင်းနှင့် ကိုင်တွယ်ခြင်းဆိုင်ရာ ဗဟိုဦးဆောင် အဖွဲ့ရုံး၏ လက်ထောက်အကြီးအကဲဟောင်း ပင်းဘိုသည် စည်းမျဉ်းချိုးဖောက်မှုများကြောင့် ပြင်းထန်သော ပြစ်မှုများနှင့် အခြားထင်ရှားသောအမှုတစ်ခုအတွက် သြဂုတ်လအတွင်း CPC မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

"အခု ကျွန်တော်တို့က CPC ရဲ့ နောက်ထပ် နှစ် ၁၀၀ ရဲ့ အစပြုချက် အသစ်မှာပါ၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေးနဲ့ တရားစီရင်ရေးစနစ်ရဲ့ ဂုဏ်သိက္ခာက ကောင်းမွန်နေဖို့အတွက် တရားဥပဒေစိုးမိုးဖို့လိုပါတယ်" ဟု ကျွမ်းသဆွေက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly