တရုတ်၏ စီးပွားရေးမူဝါဒသည် အခြားနိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုကို ထိခိုက်စေ

တရုတ်၏ စီးပွားရေးမူဝါဒသည် အခြားနိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုကို ထိခိုက်စေ

“ ကာလကြာရှည်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစံနှုန်းများကို တရုတ်က လိုက်နာမှုမရှိခြင်းကြောင့် အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများ၏ သာယာဝပြောမှုကို လျော့ပါးစေခဲ့သည်” ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် တိုင်က ပြောကြားခဲ့သည်။

“ အမေရိကန်-တရုတ်ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုဟာ သိမ်မွေ့တဲ့ အရေးကြီးမှုတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံမှုဟာ နှစ်နိုင်ငံတည်းကိုသာ ထိခိုက်ခြင်းမဟုတ်ဘဲ ကမ္ဘာကြီး တစ်ခု လုံးနှင့် အလုပ်သမားသန်းပေါင်းများစွာကို ထိခိုက်စေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

မိမိ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် အမေရိကန်သည် သပ်ရပ်စနစ်ကျသော ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန်လည်း ထပ်လောင်း ပြောကြားခဲ့သည်။

“ ကျွန်မတို့က သုတေသန၊ ဖွံ့ဖြိုးရေး၊ သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာကို ရင်းနှီးမြှုပ်နှံရမယ်၊ ကုန်ထုတ်လုပ်မှု အခြေခံကို အားကောင်းအောင်လုပ်ရမယ်၊ ပြီးတော့ အမေရိကန်နဲ့ အဝင်အထွက် ချိတ်ဆက်နိုင်မယ့် လုပ်ငန်းတွေကို အသွားအပြန်ထောက်ပံ့ရေး ကွင်းဆက်တွေကို ဝယ်ဖို့ ကုမ္ပဏီတွေကို မက်လုံးပေးရမယ်” ဟု တိုင်က ထပ်ပြောသည်။

တစ်ချိန်တည်းမှာပင် ကုန်သွယ်ရေးကိုယ်စားလှယ်က အမေရိကန်၏ စီးပွားရေး အကျိုး စီးပွားကို ထိခိုက်စေသော မူဝါဒများနှင့် အလေ့အကျင့်များမှ ကာကွယ်ရန် ပိုင်ဆိုင်သည့် နည်းလမ်း အပြည့် အစုံကို အသုံးပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။

၂၁ ရာစုတွင် တရားမျှတသောကုန်သွယ်မှုအတွက် စည်းမျဉ်းများကို ပုံဖော်ရန် အမေရိကန်သည် မဟာမိတ် များနှင့် လက်တွဲသွားမည်ဖြစ်ပြီး ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီနိုင်ငံများအတွက် ထိပ်ဆုံးနေရာကို အပြိုင်အဆိုင်ရောက်စေရေးလုပ်ဆောင်မှုများကို တိုင်က အသိပေးခဲ့သည်။

အမေရိကန်၏ ပန်းတိုင်သည် အလေးအနက်ဆွေးနွေးခြင်း၊ တည်ငြိမ်ခြင်း၊ ချည်းကပ်မှုပြုရန် ရေရှည်တွေးခေါ် ခြင်းတို့ဖြစ်ပြီး နှစ်နိုင်ငံနှင့် ဘက်စုံလမ်းကြောင်းများမှတစ်ဆင့် လုပ်ဆောင်ရန်ဖြစ်ကြောင်း သူမက ဆိုခဲ့သည်။

“ ကျွန်မတို့ မဟာဗျူဟာရဲ့ အဓိကအချက်ကတော့ တရားမျှတ ပွင့်လင်းတဲ့ ဈေးကွက်ဖန်တီးရေးဖြစ်ပြီး ဒီ အတွက် မဟာမိတ်တွေနဲ့ အတူလုပ်ဆောင်မယ်လို့ အာမခံပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ ကျွန်မတို့ အားလုံး တိုးတက် အောင်မြင်နိုင်မယ့် အနာဂတ်တစ်ခုရှိပါတယ်၊ ဒီကြွယ်ဝချမ်းသာမှုက ကျွန်မတို့ရဲ့ နယ်နိမိတ်အတွင်း သာမကပါဘူး နယ်စပ်တွေဖြတ်ကျော်ပြီးလဲ သွားမှာပါ” ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly