ကျောက်ဆည်နယ်အတွင်း စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရကာ အနည်းဆုံး ၂ ဦးသေဆုံး

ကျောက်ဆည်နယ်အတွင်း စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရကာ အနည်းဆုံး ၂ ဦးသေဆုံး

အောက်တိုဘာ ၁၀

ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့နှစ်ခု ပူးပေါင်း၍ အောက်တိုဘာ ၈ ရက်နေ့ ည ၁၁ နာရီအကျော်က မိုင်းခွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် အနည်းဆုံး နှစ်ဦးသေဆုံးကြောင်း ပြောက် ကျားတပ်ဖွဲ့များဘက်ကပြောသည်။

ကျောက်ဆည်မြို့တောင်ဘက်ရှစ်မိုင်အကွာရှိ လက်ပံကျေးရွာတွင် စစ်ကောင် စီတပ်သတင်းပေး တစ်ဦး၏နေအိမ်ကို လက်ပစ်ဗုံးသွင်းခံရပြီးနောက် ချီတက် လာသော စစ်ယာဉ်တန်းကို ကျောက်ဆည် နဂါးနီပျောက်ကြားတပ်ဖွဲ့နှင့် အမည်ဖော်ပြလိုခြင်းမရှိသော မန္တလေးက မြေအောက်တော်လှန်ရေး အဖွဲ့တစ်ခု တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းနှင့် ထောင်မိုင်းများအသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

စစ်သည်တင်ကားပေါ်တွင်ငါးဦးလိုက်ပါလာကာ ဆိုင်ကယ်သုံးစီးတွင် ခြောက် ယောက်ပါလာသော စစ်ကောင်စီတပ်သည် လက်ပံကျေးရွာသို့မရောက်ခင် လက်ပံရွာနှင့် စမာရွာကြားတွင် မိုင်းကိုးလုံးမိသွားရာက နှစ်ဦးပွဲချင်းပြီး သေဆုံးပြီး ငါးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု စောင့်ကြည့်နေခဲ့သည် ဆိုသော ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ကျောက်ဆည်မြို့ပေါ်မှ စစ်ကူများထပ်မံ ရောက်လာပြီး မိုင်းခွဲသည့်အဖွဲ့များကို တောနင်းရှာမည်ဆိုပြီး အော်ဟစ်နေခဲ့ကြ သော်လည်း မိုးရွာ၍ပြန်သွားခဲ့ကြသည်ဟုလည်းပြောသည်။

ကျောက်ဆည်မြို့ပေါ် ရဲစုရပ်ကွက်ရှိ ဒေသခံတစ်ဦးကလည်း ပေါက်ကွဲသံများ ကြားသိရကြောင်းကို '' အသံ ကြီးက တော်တော်ပြင်းတာဗျ၊ ပထမတချက် အသံပြင်းပြင်းကြားလိုက်ပီး နောက်နာရီဝက်လောက်နေတော့..လေးငါးလုံး ဆက်တိုက်ကြားရတယ်၊ တမြို့လုံး ဒီအသံတွေကိုပဲ အာရုံရောက်နေကြတာ၊ တချို့က ငလျင်လှုပ်တယ်ဆိုပီး စာတွေရေးတင်ကြတယ်၊ ဘေးအိမ်က သူငယ်ချင်းဆို သူ့စားပွဲပေါ်က ပန်းကန်တောင် ကျကွဲတယ်လို့ပြောတယ်'' ဟု ပြောသည်။

ဒဏ်ရာရသူ စစ်ကောင်စီတပ်သားငါးဦးကို မန္တလေးတွင် ဆေးကုသမှုခံယူစေရာ ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက်တွင် သေဆုံးသွားပြီဟု ကြားသိရ ကြောင်းလည်း ပြောက်ကျားတပ်ဘက်ကပြောသည်။ သီးခြားအတည်ပြုချက်ရ ယူနိုင်ခြင်းမရှိပါ။

ကျောက်ဆည်မြေအောက်တပ်ဖွဲ့ကပင် လက်ပံရွာရှိ ပျူစောထီးအဖွဲ့ဝင် ကိုစိုးလွင်ဦး၏ နေအိမ်ကို အောက်တိုဘာ ၈ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံပြောကြားသည်။

" ဒလန်အိမ်မီးလောင်သွားတယ်၊ ဒလန်လင်မယားကတော့ အဲ့ညက မရှိလို့ မသေလိုက်ဘူး။ ဒလန်အိမ် ဗုံးနဲ့အထုခံရပီး မိနစ်လေးဆယ်မှာပဲ (ကျောက်ဆည်မြို့) စမာဂိတ်မှာ တပ်စွဲထားတဲ့ အဖွဲ့က လက်နက် အင်အား အပြည့်အစုံနဲ့လာကြတာ ။ အဲ့ဒီ့မှာ မိုင်းခွဲတော့ စစ်ကားက စုတ်ပြတ်ပီး ဆိုင်ကယ်ပေါ်က စစ်သားတွေလည်း မိုင်းထဲပါသွားတယ်။ သူတို့ဘက်ကလည်း ရမ်းသန်းပြန်ပစ်တာ အချက် ၄၀ လောက်ရှိတယ်။ '' ဟု ပြောသည်။

ကိုစိုးလွင်ဦးသည် လက်ပံရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်လူငယ်များရှိရာကို သတင်းပေးခြင်းနှင့် အခြားသော ပျူစောထီးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ လိုက်လံဖမ်းဆီးခြင်းများပြုလုပ်သည့် အတွက် တိုက်ခိုက်ခဲ့ရသည်ဟု ပြောက်ကျားတပ်ဖွဲ့ဘက်က ပြောသည်။

အောက်တိုဘာ ၉ရက်နေ့ နံနက်ခင်းတွင် ရဲအချုပ်ကားနဲ့အတူ ကားကြီးနှစ်စီး ဖြင့် စစ်ကောင်စီတပ် အယောက် ၂၀ ရောက်လာခဲ့ပြီး မီးလောင်သွားသည့် သတင်းပေးအိမ်ကိုလာရောက်စစ်ဆေးခဲ့သည်ဟုလည်း ပြောသည်။

လက်ရှိမှာတော့ လက်ပံကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရွာများတွင် နံနက် ၆နာရီ မှ ည၈နာရီအထိသာ သွားလာခွင့်ပြုမှာဖြစ်ကြောင်းနှင့် မလိုက်နာရင် စစ်ဆေး မေးမြန်းမှုမရှိဘဲ ပစ်သတ်မှာဖြစ်ကြောင်း စစ်ကောင်စီဘက်က အမိန့်ထုတ်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly