ဟောင်ကောင်စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာပြီးနောက် အမေရိကန်ရှိ တရုတ်ရှယ်ယာများ မြင့်တက်လာ

ဟောင်ကောင်စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာပြီးနောက် အမေရိကန်ရှိ တရုတ်ရှယ်ယာများ မြင့်တက်လာ

အာရှရှိ စတော့ရှယ်ယာများသည် စွန့်စားမှုများနှင့်အတူ မြင့်တက်လာပြီးနောက် အမေရိကန်၌ စာရင်းရှိသော တရုတ်နည်းပညာဆိုင်ရာစတော့ရှယ်ယာများသည်လည်း အောက်တိုဘာ ၇ ရက်က ၃ ရက် ဆက်တိုက်အဖြစ် မြင့်တက်လာခဲ့သည်။

Tencent Holdings Ltd. ၏ ရှယ်ယာသည် နယူးယောက်၌ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၀ မိနစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး နည်းပညာကုမ္ပကြီး Alibaba Group Holding Ltd. သည်လည်း ၆ ဒသမ ၉ ရာခိုင်နှုန်း တက်ခဲ့သည်။ JD.com Inc.၊ Baidu Inc.၊ Pinduoduo Inc. နှင့်DiDi Global Inc. တို့အပါအဝင် တခြားနည်းပညာဆိုင်ရာရှယ်ယာများသည်လည်း အနည်းဆုံး ၃ ရာခိုင်နှုန်းမြင့်တက်လာသော အမေရိကန်စတော့ဈေးကွက်များအတွင်း ဝင်ရောက်လာကြသည်။

တရုတ်နည်းပညာဆိုင်ရာ စတော့ရှယ်ယာများသည် နိုင်ငံ၏ အကြီးမားဆုံး နည်းပညာကုမ္ပဏီများ အနက်တစ်ခုတွင် စိတ်ဝင်စားစားမှုအရိပ်အယောင်များအကြား ဟောင်ကောင်တွင် စံချိန်တင်နိမ့်ကျနေရာမှ အောက်တိုဘာ ၇ ရက်က ပြန်လည်ဦးမော့ခဲ့သည်။

Charlie Munger ၏ Daily Journal Corp. သည် ၎င်း၏ Alibaba ရှယ်ယာကို နောက်ဆုံး တတိယသုံးလပတ်တွင် ၈၃ ရာခိုင်နှုန်း တိုးမြှင့်ခြင်းနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က နှစ်အကုန်၌ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံရန် စီစဉ်ထားခြင်းဟူသော အစီရင်ခံစာတို့ကြောင့် ထိုသို့အပြောင်းအလဲ ဖြစ်လာခြင်းဖြစ်သည်။

တရုတ်၌စီးပွားရေးအများစုကိုလုပ်ဆောင်သော အမေရိကန်ရှိ ကုမ္ပဏီ ၉၈ ခုကို ခြေရာခံသည့် The Nasdaq Golden Dragon China Indexညွှန်းကိန်းသည် ဩဂုတ်လနှောင်းပိုင်း အကြီးမားဆုံးခုန်တက်မှုအဖြစ် ၅ ဒသမ ၁ ရာခိုင်နှုန်းအထိ တက်ခဲ့ပြီး ၁၇ လကြာနိမ့်ကျပြီးကတည်းက အောက်တိုဘာ ၄ ရက်တွင် ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

သမ္မတရှီကျင့်ဖျင်၏ “ဘုံ ကြွယ်ဝချမ်းသာမှု” လှုပ်ရှားမှုအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပညာ၊ အိမ်ခြံမြေ၊ ကျောင်းချိန်ပြင်ပကျူရှင်တက်ခြင်းနှင့်ဂိမ်းကစားခြင်းအပါအဝင် ကဏ္ဍများစွာကို အစိုးရနှိမ်နင်းမှုများအကြား တရုတ်နိုင်ငံတွင်းမှ ပိုင်ဆိုင်မှုများသည် ဖိအားကြုံတွေ့နေရသည်။

ဒေသတွင်းရှယ်ယာဈေးကွက်များသည် ရွှေရောင်သီတင်းပတ်အားလပ်ရက်အတွက် ပိတ်ပြီးနောက် ယခုသီတင်းပတ်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်ဖွင့်ရန် ပြင်ဆင်နေချိန်တွင် ရင်းနှီးမြှုပ်နှံသူများက တရုတ်ပြည်မကြီးရှယ်ယာများအား အောက်တိုဘာ ၈ ရက်၌ မည်သို့ အရောင်းအဝယ်လုပ်မည်ကို အနီးကပ်စောင့်ကြည့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly