ဆီးရီးယားနှင့် အတိုက်အခံတို့ကို ဖိတ်ခေါ်မည်ဟု တရုတ်ပြောကြား

ဆီးရီးယားနှင့် အတိုက်အခံတို့ကို ဖိတ်ခေါ်မည်ဟု တရုတ်ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ။           ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် တရုတ်က နည်းလမ်းများရှာဖွေနေစဉ် ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့ကို လာရောက်ရန် တရုတ်က ဖိတ်ကြားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၂၁ တွင် ပြောကြားခဲ့သည်။

ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံတစ်ခုကို ထောက်ခံသည့် ဆုံးဖြတ်ချက်တစ်ခုကို ဒီဇင်ဘာ ၁၈က လုံခြုံရေးကောင်စီ တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ရာ လူနှစ်သိန်းခွဲကျော်သေဆုံးပြီဖြစ်သည့် ပဋိပက္ခတစ်ခုနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံများကြား ရှားပါးသည့် ညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်။

ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့အား တရုတ်နိုင်ငံသို့ လာရောက်ရန် မကြာမီဖိတ်ခေါ်မည်ဖြစ်ကြောင်း သီတင်းပတ်အကုန်က ကုလသမဂ္ဂတွင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရအမျိုးသား ဟောင်လေက ပြောကြားခဲ့သည်။ ယင်းသို့ဖိတ်ခေါ်မှုမှာ အကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရာတွင် အပြုသဘောဆောင်သော ကဏ္ဍမှ ပါဝင်ရန် တရုတ်က ကြိုးပမ်းခြင်းဖြစ်သည်ဟု ဟောင်ကထပ်မံပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။

တရုတ်သည် ယခင်ကလည်း ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့ကို အိမ်ရှင်အဖြစ် လက်ခံဆွေးနွေးဖူးသော်လည်း အကျပ်အတည်းတွင် အရေးပါသည့် သံတမန်ပလေယာဖြစ်မလာသေးပေ၊

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly