အငြင်းပွားရေပြင်သို့ ဗြိတိန်တော်ဝင်ရေတပ်သင်္ဘော ဝင်ရောက်ခြင်းကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့

အငြင်းပွားရေပြင်သို့ ဗြိတိန်တော်ဝင်ရေတပ်သင်္ဘော ဝင်ရောက်ခြင်းကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့

ဗြိတိန်တော်ဝင် ရေတပ်သင်္ဘောတစ်စင်းကို အငြင်းပွားနေသော ရေပြင်သို့ စေလွှတ်ခဲ့ခြင်းကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

တောင်တရုတ်ပင်လယ်သည် အငြင်းပွားမှုပြင်းထန်သော ဒေသတစ်ခုဖြစ်ပြီး တရုတ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ ပိုင်ဆိုင်မှုကို ကြေညာထားသည်။

အဆိုပါ နိုင်ငံများအကြား သံတမန်ဆက်ဆံရေးသည် အလွန်တင်းမာနေသလို မကြာသေးမီလများအတွင်း တရုတ်အစိုးရက ဒေသတွင်း၌ လွှမ်းမိုးမှုကို အခိုင်အမာပြောကြားခဲ့ပြီး အချို့နေရာများတွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ခဲ့သည်။

တရုတ်အစိုးရအား အင်အားပြရန် HSM Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးနှင့် ယင်း၏ သင်္ဘောအုပ်စုတို့သည် အငြင်းပွား ရေပိုင်နက်အတွင်း ခုတ်မောင်းရန် စီစဉ်ထားသည်။

ဗြိတိန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု ၂၁ သည် ဘာစီရေလက်ကြား မှတဆင့် ယင်းဒေသတွင်းသို့ ဝင်ရောက်နေခြင်းကို တရုတ်က မည်သို့ လုပ်ဆောင်မည်ကို အာရုံစိုက်လျက်ရှိသည်။

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးအမှတ်အသားဇုန် (ADIZ) တွင် တရုတ်စစ်လေယာဉ် ၃၈ စင်း စံချိန်တင်ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် တရုတ်နှင့် ထိုင်ဝမ်အကြား စစ်ဖြစ်လုနီးနီးအချိန်တွင် ယင်းကိစ္စဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်အပြီးတွင် ထိုင်ဝမ်ကျွန်း၌ သီးခြားအစိုးရတစ်ရပ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ထိုင်ဝမ်သည် တရုတ်အတွက် ပြဿနာတစ်ခုဖြစ်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံများအတွက် ထိုင်ဝမ်သည် အရေးပါသော မဟာမိတ်တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်အစိုးရသည် ထိုင်ဝမ်ကိုပြည်မကြီးနှင့်ပြန်လည်ပေါင်းစည်းရန် စစ်အင်အားသုံးလိမ့်မည်ဟူသော စိုးရိမ်မှုများ မကြာသေးမီလများအတွင်း ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly