ဗြိတိန်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ မသွားရန် အမိန့်ထုတ်ထား

ဗြိတိန်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ မသွားရန် အမိန့်ထုတ်ထား

တရုတ်က လျှို့ဝှက်ထောက်လှမ်းရေးများစုဆောင်းနေခြင်းကြောင့် ဗြိတိန်ထောက်လှမ်းရေးဟောင်းများအနေဖြင့် အဆိုပါနိုင်ငံသို့ မသွားရန် အမိန့်ထုတ်ထားသည်။

သမ္မတရှီကျင့်ဖျင်လက်ထက် တရုတ်ပြည်သည် MI5 နှင့် MI6 အဖွဲ့ဝင်ဟောင်းများကို အသည်းအသန် ချဉ်းကပ်နေသည်ဟု ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲများက သတိပေးခဲ့သည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တွင် လက်ရှိ စီးပွားရေးလုပ်ငန်းသို့မဟုတ် လူမှုရေးဆို်ငရာ အကျိုးစီးပွားများရှိသည့် အရာရှိဟောင်းများ ကို တရုတ်က အာရုံစိုက်နေသည်ဟု The Sun က တွေ့ရှိခဲ့သော လျှို့ဝှက်မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

“ ဝန်ထမ်းဟောင်းများအနေဖြင့် တရုတ်ပြည်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ရန် အကြံပြုသည်” ဟု ယင်းမှတ်စုတွင် သတိပေးထားသည်။

ရုရှားသို့ ခရီးသွားခြင်းကိုလည်း သတိထားရန်လိုအပ်ကြောင်းလည်း ဖော်ပြထားခဲ့သည်။

တရုတ် ရေတပ်ကိုတန်ပြန်ရန် ဗြိတိန်က သြစတြေးလျနှင့် နည်းပညာကို ခွဲဝေပေးရေး သဘောတူညီချက်အရ ယင်းမှတ်တမ်းများကို ပေးပို့ခဲ့ခြင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly