တရုတ်က အီတလီဒရုန်းကုမ္ပဏီAlpi Aviation ကို လျှို့ဝှက်စွာဝယ်ယူ

တရုတ်က အီတလီဒရုန်းကုမ္ပဏီAlpi Aviation ကို လျှို့ဝှက်စွာဝယ်ယူ

တရုတ်သမ္မတရှီကျင့်ဖျင် အီတလီသို့သုံးရက်တာအလည်အပတ်ခရီးသွားသည့် ၂၀၁၉ခုနှစ်တွင် အီတလီသည် တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကိုထောက်ခံသည့် ပထမဆုံးဥရောပနိုင်ငံဖြစ်လာခဲ့သည်။

၂ နှစ်ကာလအစိုးရ ၂ ဆက်အကြာ၌ အီတလီငွေကြေးဆိုင်ရာရာဇဝတ်မှုရဲတပ်ဖွဲ့ (Guardia di Finanza, GdF) က Friuli-Venezia Giulia ဒေသ၌အခြေစိုက်သည့် ပုဂ္ဂလိကပိုင် Alpi Aviation s.r.l ကုမ္ပဏီမှ မန်နေဂျာ၆ဦးကို စစ်ဘက်ပို့ကုန်ဆိုင်ရာချိုးဖောက်မှုနှင့် golden-power ဥပဒေတို့အရတရားစွဲဆိုလိုက်သည်။

အမေရိကန်သံတမန်အရင်းအမြစ်များက ထပ်တလဲလဲသတိပေးနေသည့်ကြားက ဒရုန်းများ၊အပေါ့စားနှင့် အလွန်ပေါ့ပါးသော လေယာဉ်များထုတ်လုပ်သည့်ကုမ္ပဏီသည် ယခုအခါ တရုတ်လက်ထဲတွင် ရောက်ရှ ိနေသည်။ တရုတ်သည်အမျိုးသားလုံခြုံရေးကိုတိုက်ရိုက်ထိခိုက်စေလျက် ကာကွယ်ရေးနှင့်နည်းပညာမြင့် ကုမ္ပဏီများအားရယူသည့် ခိုးကြောင်ခိုးဝှက်ပုံစံကို အီတလီက သတိပြုမိလာသည်။

မကြာသေးမီက စုံစမ်းစစ်ဆေးမှုအရ ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ၂ခုသည် သက်ဆိုင်ရာအီတလီအာဏာပိုင်များကို တရားဝင်ထုတ်ဖော်ပြောခြင်းမရှိဘဲ ကုမ္ပဏီကို လွှဲပြောင်းယူခဲ့သည်။

Alpi Aviation သည် စစ်ဘက်သုံးဒရုန်းများ၊လေယာဉ်များနှင့် အာကာသယာဉ်များထုတ်လုပ်ရာတွင် ဦးဆောင်သူဖြစ်ပြီး စီးပွားရေးဝန်ကြီးဌာနက ရှယ်ယာ၃၀ရာခိုင်နှုန်းပါသော အီတလီအာကာသယာဉ်ကုမ္ပဏီ Leonardo S.p.a. နှင့်အီတလီကာကွယ်ရေးဝန်ကြီးဌာတို့ကိုလည်းအထောက်အပံ့ပေးနေသည်။

Alpi Aviation ကို လက်နက်တင်ပို့မှုကိုထိန်းချုပ်သောဥပဒေချိုးဖောက်မှုနှင့် Golden-power ဥပဒေဟု ခေါ်ဆိုသည့် အခြေခံအားဖြင့် အမှု၂မှုဖြင့်အမှုဖွင့်ထားသည်။ ယင်း ဥပဒေသည် ကာကွယ်ရေး၊ စွမ်းအင်နှင့်ဆက်သွယ်ရေးကဏ္ဍများတွင်အီတလီ၏ မဟာဗျူဟာကုမ္ပဏီများကို ကာကွယ်ရန်၂၀၁၂မတ်လက စတင်ခဲ့ခြင်းဖြစ်သည်။

GdF၏ ယခုလစောပိုင်းထုတ်ပြန်ချက်အရဟောင်ကောင်အခြေစိုက် Mars Information Technology Co အမည်ရှိ နိုင်ငံခြားကုမ္ပဏီတစ်ခုသည် ၂၀၁၈ခုနှစ်က Alpi Aviation ၏ အစုရှယ်ယာ ၇၅ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း စုံစမ်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဥပဒေကုမ္ပဏီတစ်ခုဖြစ်သော Denton သည် တရုတ်ဦးပိုင်ကုမ္ပဏီတစ်ခုက ဥရောပနည်းပညာမြင့် လေကြောင်းကဏ္ဍာရှိ ကုမ္ပဏီတစ်ခုကိုဝယ်ယူသည့် ပထမဆုံးအရောင်းအဝယ်ကိုတရားဝင်ဖြစ်စေခဲ့သည်ဟ ုဥပဒေကုမ္ပဏီထိပ်တန်းမိတ်ဖက်တစ်ဦး၏ CV တွင်ဖော်ပြထားသည်။

အီတလီစုံစမ်းစစ်ဆေးသူများ၏အဆိုအရ အီတလီကုမ္ပဏီကိုဝယ်သူများသည် Chinese Corporate United Investment (CCUI) နှင့် ကမ္ဘာ့အကြီးဆုံးရထားပို့ဆောင်ရေးစက်ပစ္စည်းထုတ်လုပ်သူ CRRC စသည့် တရုတ်အစိုးရကုမ္ပဏီကြီး၂ခုဖြစ်ကြောင်း သိရသည်။

ထူးခြားသည်မှာ Alpi Aviation သည် ၎င်း၏ ကုမ္ပဏီ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲမှုကို ဝယ်ယူမှုအပြီး ၂နှစ်အကြာနှင့်ဝန်ကြီးများကတောင်းဆိုသောအခါမှသာ ကာကွယ်ရေးဝန်ကြီးဌာနကိုအကြောင်းကြားခဲ့သည်။

ဥပဒေလမ်းကြောင်းမပြီးမချင်း တရုတ်သည် မမျှော်မှန်းနိုင်သောအကျိုးဆက်များ ဖြင့် ဒရုန်းနည်းပညာကို ပိုင်ဆိုင်နေဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly