တရုတ်က အင်တာနက်ကုမ္ပဏီကြီးများအပေါ် နိုင်ငံရေးဆိုင်ရာထိန်းချုပ်မှု တင်းကျပ်လာ

တရုတ်က အင်တာနက်ကုမ္ပဏီကြီးများအပေါ် နိုင်ငံရေးဆိုင်ရာထိန်းချုပ်မှု တင်းကျပ်လာ

အာဏာရကွန်မြူနစ်ပါတီသည် တရုတ်၏အင်တာနက်ကုမ္ပဏီကြီးအပေါ် နိုင်ငံရေးဆိုင်ရာထိန်းချုပ်မှု တင်းကျပ်လာသလို ယင်းကုမ္ပဏီကြီးများ၏ ကြွယ်ဝချမ်းသာမှုကို ထိခိုက်စေခြင်းဖြင့် အမေရိကန်နှင့်ဥရောပနည်းပညာများကို မှီခိုအားထားမှုလျှော့ချရေး ၎င်း၏ရည်မှန်းချက်များကိုဖြည့်ဆည်းရန် လုပ်ဆောင်လာသည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ခြင်းနှင့် အချက်အလက်လုံခြုံရေး နှိမ်နင်းမှုများသည် ၂၀၂၀ နှောင်းပိုင်းမှ စ၍စည်းမျဉ်းအနည်းငယ်နှင့် ဆယ်စုနှစ် နှစ်ခုကြာရှိခဲ့သော လုပ်ငန်းနယ်ပယ်ကို လှုပ်ခတ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများ၏ကြောက်ရွံ့မှုများက အွန်လိုင်းစီးပွားရေး လုပ်ငန်းများဖြစ်သော Alibaba၊ ဂိမ်းနှင့်လူမှုမီဒီယာအော်ပရေတာ Tencent နှင့် တခြားသောနည်းပညာကုမ္ပဏီကြီးများ၏ စုစုပေါင်းဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံထက်မနည်းကို တန်ဖိုးလျော့ကျစေခဲ့သည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးပြဋ္ဌာန်းချက်သည် ၂၀၂၅ ခုနှစ်အထိ ဦးစားပေးဖြစ်လိမ့်မည်ဟု ပါတီက ဆိုသည်။ ယှဉ်ပြိုင်မှုက အလုပ်အကိုင်ကို ဖန်တီးပေးပြီး လူနေမှုအဆင့်အတန်းကိုလည်း မြှင့်တင်လိမ့်မည်ဟု ဆိုသည်။

စီးပွားရေးတိုးတက်မှုထိခိုက်လျှင်ပင် သမ္မတရှီကျင့်ဖျင်အစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်ဖွယ်ရှိသည်ဟု စီးပွားရေးသမားများ၊ ဥပဒေရှင်များနှင့်စီးပွားရေးပညာရှင်များက ဆိုသည်။

“ ဒီကုမ္ပဏီတွေက ဆန်းသစ်ပြောင်းလဲခြင်းမှာ သူတို့ကဏ္ဍတွေရဲ့ဦးဆောင်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းတွေက သူတို့အားလုံးကိုချေမှုန်းဖို့ ဆန္ဒရှိနေပါတယ်” Capital Economics မှ အာရှစီးပွားရေးပညာရှင် မာ့ခ်ဝီလျံ ကပြောသည်။

တရုတ်ခေါင်းဆောင်များသည် စီးပွားရေးတိုက်ရိုက်ထိန်းချုပ်မှုကို အချိန်ကာလခြားပြီးမှပြန်လည်စည်းကြပ်မှု မလုပ်ချင်သော်လည်း ပုဂ္ဂလိကကဏ္ဍမှကုမ္ပဏီများအား အာဏာရပါတီအစီအစဉ်များနှင့်အညီ ဖြစ်စေလိုကြောင်း WilmerHale ဥပဒေကုမ္ပဏီ ပေကျင်းရုံးချုပ်မှ အကြီးအကဲ လက်စတာရော့စ်ကပြောသည်။

“ကုမ္ပဏီကအရမ်းကြီးမားလာပြီး ပါတီအပေါ် မှီခိုအားထားမှု ကင်းသွားမှာကို သူတို့စိုးရိမ်တာပါ” ဟု ရော့စ်က ဆိုသည်။

တရုတ်အင်တာနက်ကုမ္ပဏီများနှင့် Alibaba Group ၏ ဂျက်မားနှင့် Tencent Holdings မှ ပိုနီမားတို့ အပါအဝင် ဘီလျံနာများသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု၏ အကြီးမားဆုံးသော ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုများဖြစ်ရပ်များအနက် အပါအဝင်ဖြစ်သည်။

သို့သော် ကွန်မြူနစ်ပါတီအစီအစဉ်များသည် စက်ရုပ်များ၊ ချစ်ပ်များနှင့် တခြားဟာ့ဒ်ဝဲများအပေါ် အလေးပေးလာပြီး ၎င်းကုမ္ပဏီများကလည်း ဒေါ်လာဘီလီယံပေါင်းများစွာကို ထိုလုပ်ငန်းများထဲသို့ ပြောင်းရွှေ့ခြင်းဖြင့် သစ္စာရှိမှုကို ပြသရန် အပူတပြင်း လုပ်ဆောင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly