တောင်ဆူဒန်က မကြုံစဖူး အကျပ်အတည်းကို မျှော်ကြည့်ခြင်း

By poreg.org
09 October 2021
တောင်ဆူဒန်က မကြုံစဖူး အကျပ်အတည်းကို မျှော်ကြည့်ခြင်း

၂၀၁၁ ခုနှစ်မှစ၍ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းသည် တောင်ဆူဒန်နိုင်ငံ၏ ရေနံမြေမှကို တစ်နေ့လျှင် စည်ပေါင်း ၃ ဒသမ ၅ ဘီလီယံ ထုတ်ယူနိုင်ရေးအတွက် မျှော်မှန်းလျက်ရှိသည်။

သို့သော် တောင်ဆူဒန်တွင် စီးပွားရေး လုပ်ငန်းများကိုမြှင့်တင်ရန် ကူညီပေးနိုင်သော သင့်လျော်သည့် အစီအစဉ် မရှိပေ။

ဆူဒန်၏ မတူးဖော်ရသေးသည့်ရေနံမြေများသည် တရုတ်အတွက်ရှာဖွေမှုအသစ်မဟုတ်ဘဲ ၁၉၉၆ ခုနှစ် ကတည်းက ဆူဒန်ရေနံလုပ်ငန်းသို့ ဝင်ရောက်နေပြီဖြစ်သည်။

ထိုအချိန်က အမေရိကန်က ဆူဒန်နိုင်ငံအပေါ်ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း တရုတ်က စစ်ဒဏ်ခံနေရသော နိုင်ငံတွင် ယင်း၏အကျိုးစီးပွားအတွက် နောက်မဆုတ်ဘဲ ဆက်လက်လုပ်ကိုင် ခဲ့သည်။

အာဖရိကသည် တရုတ်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းစီမံကိန်းကို ချဲ့ထွင်ရန် ကုန်သွယ်ရေး လမ်းကြောင်းများအောင်မြင်စွာ ကျူးကျော်သိမ်းပိုက်နိုင်ရေးနှင့် ပတ်သက်၍ အရေးကြီးသည်။

ပြည်တွင်းစစ်ကြောင့် ဒုက္ခများနေစဉ် တောင်ဆူဒန်၌ တရုတ်က တပ်ဖွဲ့ဝင် ၁၀ဝဝ ကျော် တပ်စွဲထားသည်။

ယင်းသို့ လုပ်ဆောင်မှုသည် တောင်ဆူဒန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်လက်အောက်၌ ပထမဆုံးအကြိမ် တပ်ချထားခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဆက်သွယ်မှုများကို ကာကွယ်ပေးရန် ဖြစ်ကြောင်း သိသာထင်ရှားသည်။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နှင့် Greater Pioneer Operating Company (GPOC) တို့၏ အကျိုးစီးပွားကို ကာကွယ်ရေးသည် တရုတ်အစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်သည်။

တောင်ဆူဒန်သည် တရုတ်ရေနံလိုအပ်ချက်၏ ၂ ရာခိုင်နှုန်းသာဖြည့်ဆည်းပေးနိုင်သော်လည်း အမြတ်အစွန်း ၅၀ ရာခိုင်နှုန်းအထိမြင့်မားနေသောကြောင့် ယင်းအရေးကြီးအရင်းအမြစ်ကို ရယူနိုင်ခြင်းသည် တရုတ်လုပ်ငန်းများ၏ စွန့်စားလိုမှုနှင့် လိုက်ဖက်ညီလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly