အနောက်နိုင်ငံများမှ ကာကွယ်ဆေးများကို ပိုမိုလိုလားလာကြသဖြင့် တရုတ်၏ ကာကွယ်ဆေး သံတမန်နည်းလမ်း ယိမ်းယိုင်လာ

အနောက်နိုင်ငံများမှ ကာကွယ်ဆေးများကို ပိုမိုလိုလားလာကြသဖြင့် တရုတ်၏ ကာကွယ်ဆေး သံတမန်နည်းလမ်း ယိမ်းယိုင်လာ

ကိုဗစ်-၁၉ ကာကွယ် ဆေးဖြန့်ချိသည့် အစောပိုင်းနေ့များတွင် တရုတ်ကာကွယ်ဆေးများသည် မရေမတွက် နိုင်သောအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။

ချမ်းသာသည့် နိုင်ငံများက mRNA နည်းပညာနှင့် ထုတ်လုပ်လုပ်ထားသည့် ရှားပါးသော Pfizer-BioNTechနှင့် Moderna COVID-19 ကာကွယ်ဆေးအများအပြားကို စုဆောင်းခဲ့သော်လည်း အာရှ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် တရုတ်ကာကွယ်ဆေးများကို အသုံးပြုခဲ့ကြသည်။

သို့သော် Delta SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုကိုစိုးရိမ်ခြင်းနှင့် အနောက်နိုင်ငံများက mRNA အထောက်အပံ့များကို ဖြေလျော့ပေးလိုက် သောကြောင့် Sinovac Biotech (သို့မဟုတ်) Sinopharm Group မှ COVID-19 ကာကွယ်ဆေးများကို မှီခိုအား ထားခဲ့သောအစိုးရများသည် အမေရိကန်နှင့် ဥရောပတို့မှ ကာကွယ်ဆေးများကို ပိုမိုရွေးချယ်လာကြသည်။

ယင်းအခြေအနေကို တရုတ်အကောက်ခွန်အချက်အလက်များတွင် တွေ့မြင်နိုင်ပြီး ကာကွယ်ဆေး တင်ပို့မှုသည့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တဖြည်းဖြည်းတင်ပို့မှုများပြားလာရာမှ ဇူလိုင်လတွင် ဒေါ်လာ ၂ဒသမ၄၈ ဘီလီယံတန်ဖိုး ရှိရာမှ သြဂုတ်လတွင် ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံသို့ ရောက်ရှိသွားသဖြင့် ၂၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။

“ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ရရှိချိန်တုန်းက လူတွေက သူတို့ရနိုင်တဲ့ အရာတွေကို ယူခဲ့ကြတယ်” ဟု နိုင်ငံခြားရေးမူဝါဒ နှင့်ပြည်သူ့ကျန်းမာရေးဆိုင်ရာ စာအုပ်များစွာကို တည်းဖြတ်ခဲ့သည့် ဟောင်ကောင်စီးတီးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ နီကိုလတ်သောမတ်က ပြောကြားခဲ့သည်။

“ ဒါပေမယ့် နောက်ပိုင်းမှ ဆေးပညာရှင်မဟုတ်တဲ့ သာမန်လူတွေက ကွဲပြားခြားနားမှုတွေ အကြောင်း ပိုသိလာကြတယ်” ဟု သူက ဆိုသည်။ “ ကာကွယ်ဆေး အားလုံးက ကာကွယ်နိုင်မှုမှာ တန်းတူမဟုတ်ဘူးဆိုတာကို သူတို့က သဘောပေါက်လာကြပါတယ်။ ”

၂၀၂၁ခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံတွင် အသေအပျောက်များသည့် ကူးစက်မှုကြောင့် ကာကွယ်ဆေးရွေးချယ်မှု ပြောင်းလဲသွားခဲ့သည်။

ကူးစက်ခံရသူများမြင့်တက်လာခြင်းနှင့်အတူ အရှေ့တောင်အာရှသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ဗဟိုချက် အသစ်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံသည် ကာကွယ်ဆေးများ ဝယ်ယူရန် အသည်းအသန်ကြိုးစားခဲ့ရာတွင် တရုတ်မှ Sinovac ဆေးကို အချိန်မီပေးသွင်းနိုင်ခဲ့သည်။

တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုသည် လက်တွေ့စမ်းသပ်မှုများတွင် ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိရှိသော်လည်း ယင်းတို့သည် mRNA ကာကွယ်ဆေးများထက် အာနိသင်နည်းပါးကာ ကူးစက်မြန်သော Delta မူကွဲများနှင့် ပတ်သက်၍ ယင်းတို့၏ ထိရောက်မှုကို မေးခွန်းထုတ်လာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly