ဗြိတိန်၏ လက်ရှိစွမ်းအင်အကျပ်အတည်းအတွက် တရုတ်ကို အပြစ်တင်

ဗြိတိန်၏ လက်ရှိစွမ်းအင်အကျပ်အတည်းအတွက် တရုတ်ကို အပြစ်တင်

ဗြိတိန်လေဘာပါတီအမတ်ဟောင်း အိမ်းရိုက်က နိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသည့် စွမ်းအင်အကျပ်အတည်း သည် တရုတ်ကြောင့်ဟု ပြောကြားလိုက်သည်။

တရုတ်ပြည်ကွန်မြူနစ်အစိုးရသည် ကိုဗစ်ကပ်ရောဂါမှ တိုင်းပြည်၏ စီးပွားရေးပြန်လည်နာလန်ထူလာသည်ကို ဖြည့်ဆည်းပေးရန် ရုရှားမှ သဘာဝဓာတ်ငွေ့များ တိုးမြှင့်တင်သွင်းခဲ့သည်ဟု GB News သို့ သူက ပြောကြားခဲ့သည်။

သဘာဝဓာတ်ငွေ့များ ပြောင်းယူလိုက်သည့် တရုတ်၏ ယခုလုပ်ဆောင်ချက်သည် ဥရောပနှင့် ဗြိတိန်သို့ ထောက်ပံ့ပေးမှုများကိုပြတ်တောက်စေပြီး လက်ရှိပြတ်လပ်မှုကို ပိုဆိုးစေသည်ဟု အိမ်းရိုက် ကဆိုသည်။

“လက်ရှိစွမ်းအင်အကျပ်အတည်းရဲ့ အဓိကလက်သည်က တရုတ်ပါပဲ” ဟု GB News သို့ သူက ပြောကြားခဲ့သည်။

“ တရုတ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေဟာ စွမ်းအင်စနစ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့နဲ့ ဆက်စပ်နေပါတယ်”

“ တရုတ်က ကပ်ဘေးက ကင်းလွတ်လာတာကြောင့် ထုတ်လုပ်မှုတွေကို စတင်တိုးမြှင့်လာပါတယ်။”

“ ဒါပေမယ့်သူတို့က သဘာဝဓာတ်ငွေ့ကို ပိုအားထားလာပါတယ်။”

“ထိခိုက်နစ်နာနေချိန်မှာ ရုရှားက တရုတ်ကို သဘာဝဓာတ်ငွေ့တွေ ပိုမို ပို့ပေးနေခြင်းဟာ အနောက်ဥရောပကို တင်ပို့မှု ထိခိုက်စေပါတယ်”

"ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းဖို့ လိုပါတယ်” ဟု သူက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly