မန္တလေး ရထားသံလမ်း ပေါက်ကွဲမှုထပ်ဖြစ်

မန္တလေး ရထားသံလမ်း ပေါက်ကွဲမှုထပ်ဖြစ်

အောက်တိုဘာ ၈

မန္တလေးမြို့တွင် ယနေ့မွန်းလွဲပိုင်းက ရထားသံလမ်းပေါ်ဗုံးပေါက်ကွဲမှု ဒုတိယ အကြိမ်ထပ်မံဖြစ်ပွားခဲ့သည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်အနီးက ရထားလမ်း သံလမ်းပေါ် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း ဒေသခံတစ်ဦးကအတည်ပြုပြော သည်။

“ကျွန်တော်တို့တံခွန်ုတိုင်ရပ်ကွက်ဘေးကရထားသံလမ်းပေါ်ပေါက်တာပါ၊ ပေါက်ကွဲအားတအားပြင်းတယ်၊ မြေကြီးပါတုန်သွားတာပါ၊ ဖြစ်ဖြစ်ချင်းပဲ စစ်သားတွေရောက်လာပြီး အဲဒီဘက်ပိတ်ထားပါတယ် လူထိ တယ်တော့ မကြားမိဘူးဗျ” ကနဦးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။

မွန်းလွဲ ၂ နာရီအချိန်ခန့်က အုန်းကနဲပေါက်ကွဲသံကြီးနှင့်အတူ မြေတုန်ခါမှု ကြီးပါဖြစ်ခဲ့တာကြောင့် ဒေသခံများအထိတ် တလန့်ဖြစ်ခဲ့ကြကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းကလည်း ၁၁၆ လမ်းနှင့် ၅၆ လမ်းအနီး မန္တလေး-ပြင်ဦးလွင်ရထားလမ်းပိုင်းရှိ တံတားအမှတ်(၉)ပေါ်တွင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ခဲ့သေးဘူး၊ ပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းကဖောက်ခွဲခြင်းဖြစ်ကြောင်းတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းတွင် ယမန်နေ့ညက ဗုံးနှင့် လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် ကျောက်ကားတစ်စီး ဖမ်းဆီးခံ ထား ရကြောင်း ယနေ့ညနေပိုင်း သတင်းများထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly