မန္တလေးမြို့မှာ ယနေ့ညအစောပိုင်း ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်သလို၊လမ်းမပေါ်အပြန်အလည်ပစ်ခတ်မှုဖြစ်

မန္တလေးမြို့မှာ ယနေ့ညအစောပိုင်း ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်သလို၊လမ်းမပေါ်အပြန်အလည်ပစ်ခတ်မှုဖြစ်

အောက်တိုဘာ ၈

မန္တလေးမြို့မှာ ယနေ့ည ၇ နာရီခန့်က ၆၂လမ်း၊၃၈လမ်းနှင့်၃၉လမ်းဝန်းကျင်တွင်လည်းဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များနှင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

လတ်တလောသိရှိရသည့်သတင်းအရ အဆိုပါပစ်ခတ်မှုကြောင့်ရဲတစ်ယောက်ကျည်ထိမှန်ပြီးသေဆုံးကြောင်းသတင်းရရှိထားပေမယ့် အတည်ပြုချက်တော့မရသေးပေ။

အဆိုပါနေရာတွင်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ထားသည့်အဖွဲ့ငယ်နောက်ကို စစ်ကောင်စီတပ်များအင်အားအများအပြားသုံးကာလှည့်ပတ်ရှာဖွေနေကြောင်းမြို့ခံများကပြောသည်။

ထို့အပြင် မန္တလေးမြို့တောင်ဘက်မြစ်ငယ်မြို့မှစစ်ကောင်စီတပ်ဖွဲ့ကားများပါ မန္တလေးမြို့တွင်းဝင်ရောက်နေကြောင်းသိရသည်။

ယနေ့ညနေပိုင်းတွင် မန္တလေးမြို့တွင်းနေရာတော်တော်များများပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမှတ်(၁၄)ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးအနီးတွင်ပါ ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly