ကရင်ပြည်နယ်ရှိ ကျေးရွာတချို့တွင် ရွာသူကြီး အလှည့်ကျစနစ်ဖြင့် အုပ်ချုပ်ရန် စစ်ကောင်စီလက်‌ ‌ အောက်ခံ BGF ညွှန်ကြား

ကရင်ပြည်နယ်ရှိ ကျေးရွာတချို့တွင် ရွာသူကြီး အလှည့်ကျစနစ်ဖြင့် အုပ်ချုပ်ရန် စစ်ကောင်စီလက်‌ ‌ အောက်ခံ BGF ညွှန်ကြား

အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျေးရွာလေးရွာတွင် ကျေးရွာသူကြီး တာဝန်အား ၁၅ ရက် သို့မဟုတ် တစ်လ စီ အလှည့်ကျစနစ်ဖြင့် တာဝန်ယူရန် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က အမိန့်ပေး ညွှန်ကြားထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။

ဘားအံမြို့နယ် တကောင်ဘို ကျေးနယ်အုပ်စုရှိ ဂျို့ပင်ဆိပ်ကျေးရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာနှင့် မီးပုံးကျေးရွာ လေးရွာက ရပ်မိရပ်ဖများနှင့် ဂေါပကများအား မိတ်ထိလာကျေးရွာ (ဃို့ကုန်း) သို့ ခေါ်ယူကာ BGF တပ်ရင်း (၁၀၁၄) ၊ တပ်ခွဲ (၂) မှူးတင်ဝင်းက အောက်တိုဘာလ ၃ ရက်တွင် ထိုသို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျို့ပင်ဆိပ်ကျေးရွာတွင် တစ်လလျှင် ရွာသူကြီး နှစ်ဦး၊ မြိုင်ကျေးရွာတွင် တစ်လလျှင် ရွာသူကြီး နှစ်ဦး၊ မီးပုံးကျေးရွာတွင် တစ်လလျှင် ရွာသူကြီးလေးဦး၊ ကုန်းတန်းကြီးကျေးရွာတွင် ၁၅ ရက်လျှင် ရွာသူကြီး သုံးဦးစီ တာဝန်ယူရန် သတ်မှတ်ထားခြင်း ဖြစ်သည်။

ရွာသူကြီး တာဝန်ယူမည့် သူများအား အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး အသီးသီးရွေးချယ်ဖွဲ့စည်းပေးရန် BGFက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျေးရွာများတွင် KNU/KNLA တပ်ဖွဲ့များ သွားလာလှုပ်ရှားမှုရှိပါက BGF တပ်ဖွဲ့ထံကို ချက်ချင်းသတင်းပို့ရန် ထိုရွာသူကြီးများကို

ညွှန်ကြားထားသည်ဟု ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှူးမှ သတင်းပေးပို့လာကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly