တစ်ဖက်ပိတ် ဝါဒအတွက် ဒီမိုကရေစီစနစ်ကို ဖြေဆေးအဖြစ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံများကို နှိုးဆော်

By Asian Lite International
07 October 2021
တစ်ဖက်ပိတ် ဝါဒအတွက် ဒီမိုကရေစီစနစ်ကို ဖြေဆေးအဖြစ် ကျင့်သုံးရန် အိန္ဒိယဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံများကို နှိုးဆော်

အိနိ္ဒယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မိုဒီက ခွန်အားပါသော ၎င်း၏ မိန့်ခွန်းတွင် အာဖန်နစ္စတန်နိုင်ငံကို ဇွတ်တရွတ်နိုင်သည့် တာလီဘန်တို့က သိမ်းပိုက်ပြီးနောက် ကမ္ဘာ့အကြမ်းဖက်ဒေသတစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီး ခြိမ်းခြောက်မှု ဖြစ်နိုင်သည့်အခြေအနေကို ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်က နယ်မြေချဲ့ထွင်နေမှုကို ရည်ညွှန်းကာ စည်းကမ်းအခြေခံအုပ်ချုပ်မှုကို အမြန်ဖော်ဆောင်ရန် ဝန်ကြီးချုပ် မိုဒီက တောင်းဆိုခဲ့သည်။ သို့သော် ဝန်ကြီးချုပ် မိန့်ခွန်း၏ နောက်ကွယ်တွင် ပိုမို သိမ်မွေ့လေးနက်မှုများရှိနေသည်။ ၎င်းက ဇွတ်တရွတ်ဝါဒနှင့် အာဏာရှင်ဝါဒတို့၏ ခေတ်နောက်ကျန်စေသည့် ပုံစံများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် ကမ္ဘာ့တောင်ပိုင်းဒေသအပါအဝင် ကျန်နိုင်ငံများအားလုံး အောင်မြင်တိုးတက်ရေး နည်းလမ်းဖြစ်သည်ဟု ပြောကြားသည်။

ဒီမိုကရေစီသည် ကောင်းမွန်သည့် အုပ်ချုပ်မှုကို ရရှိစေကြောင်း အိန္ဒိယနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးနယ်ပယ်များ၌ ခိုင်မာသည့် အောင်မြင်မှုများကို ကိုးကား၍ မိုဒီက ပြောကြားသည်။ ဒီမိုကရေစီသည် သာလွန်ကောင်းမွန်သည့်စနစ်ဖြစ်ကာ လွတ်လပ်စွာ ပြောဆိုခွင့်ကဲ့သို့ အခြေခံအခွင့်အရေးများကို မထိခိုက်စေဘဲ ကြွယ်ဝချမ်းသာမှုကို ရရှိစေနိုင်သလို ပါကစ္စတန်က လုပ်ဆောင်နေသည့် ဇွတ်တရွတ်ဝါဒအပေါ် မှားယွင်းစွာ ဝါဒဖြန့်နေခြင်းနှင့် တရုတ်၏ လူနည်းစုကသာ အာဏာချုပ်ကိုင်ထားသော ပုံစံတို့အား အနိုင်ယူရာတွင် ကျား/မ တန်းတူညီမျှရေးသည်လည်း အရေးကြီးသည့် ဖြေဆေးတစ်ခုဖြစ်သည်။ အမှန်အားဖြင့် တရုတ်က အထက်မှ အောက်သို့ အာဏာသက်ရောက်သည့်ပုံစံသည် စီးပွားရေး တိုးတက်မှာအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု လက်ခံကျင့်သုံခြင်းသည် ၎င်း၏ ခါးပတ်လမ်းစီမံကိန်း(BRI) တွင်ပါဝင်သည့် အထက်တန်းလွှာများ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ လူများအတွက် သတင်းပေးသလို ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီက အဆိုပါ မှားယွင်းသောအယူအဆကို ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန် ဇွတ်တရွတ်ဝါဒီများကို ထောက်ပံ့နေသည့် ပါကစ္စတန်အစိုးရအား သွယ်ဝိုက်ရည်ညွှန်းကာ အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးတဲ့ မူဝါဒသည် ကျူးလွန်သူများအပေါ် တန်ပြန်သက်ရောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

“အကြမ်းဖက်ဝါဒကို နိုင်ငံရေးလက်နက်အဖြစ်သုံးသူတွေဟာ အဲဒီဝါဒဟာ သူတို့ကိုလည်း အန္တရာယ်ဖြစ်စေမယ်ဆိုတာ နားလည်ထားရပါမယ်။ ”

“ခေတ်နောက်ပြန်ဆွဲပြီး အစွန်းရောက်အတွေးအခေါ်တွေရဲ့ အန္တရာယ်က မြင့်တက်နေပါတယ်” ဟု ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်း UNGA ၌ ကက်ရှ်မီးယားအကြောင်း တင်ပြပြီးနောက် တစ်နေ့တွင် ဝန်ကြီးချုပ် မိုဒီက တုံ့ပြန်ပြောဆိုခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုသော လုပ်ရပ်များနှင့် ပတ်သက်၍လည်း မိုဒီက တရုတ်ကို သွယ်ဝိုက်ရည်ညွှန်း၍ “သမုဒ္ဒရာတွေဆို အသုံးပြုဖို့ပါ။ အလွဲသုံးစား လုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ သမုဒ္ဒရာတွေဟာ နိုင်ငံတကာ ကုန်သွယ်ရေးရဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။ ကျူးကျော်မှုအတွက် ပြိုင်ပွဲတစ်ခုမဖြစ်အောင် ကျွန်တော်တို့ ကာကွယ်ရပါမယ်။ စည်းကမ်းအခြေခံ ကမ္ဘာစနစ် အားကောင်းစေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်သံတည်းနဲ့ ပြောရပါမယ်” ဟု လည်း ပြောကြားသည်။

“ရင်းမြစ်အကန့်အသတ်တွေ ရှိနေပေမယ့် အိန္ဒိယက ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အပြည့်အဝရင်းနှီးမြှုပ်နှံထားပါတယ်” ဟု မိုဒီက ပြောကြားကာ ကမ္ဘာပေါ်ရှိ ကာကွယ်ဆေးထုတ်လုပ်သူများကိုလည်း အိန္ဒိယသို့ လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly