သီရိလင်္ကာတွင် တရုတ်နိုင်ငံသားဦးဆောင်သည့်အုပ်စုက ကိုလံဘိုခံတပ်ရှိ လျှောက်လမ်းတစ်လမ်းကို ပိတ်လိုက်

By India Blooms News Service
07 October 2021
သီရိလင်္ကာတွင် တရုတ်နိုင်ငံသားဦးဆောင်သည့်အုပ်စုက ကိုလံဘိုခံတပ်ရှိ လျှောက်လမ်းတစ်လမ်းကို ပိတ်လိုက်

သီရိလင်္ကာတွင် တရုတ်၏ သြဇာကြီးထွားလာစဉ် ကိုလံဘိုခံတပ်ရှိ လျှောက်လမ်းတစ်လမ်းကို တရုတ် နိုင်ငံသားတစ်ဦး ဦးဆောင်သည့်အဖွဲ့က ပိတ်ပစ်လိုက်ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

အဆိုပါမီဒီယာ၏ ဖော်ပြချက်တွင် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့သော လျှောက်လမ်းသည် အတွင်းဝန်ရုံးမှ ကိုလံဘိုဆိပ်ကမ်းအဝင်အထိရှည်လျားပြီး သီရိလင်္ကာ အကောက်ခွန်ဌာနချုပ် မျက်နှာချင်း ဆိုင်ဘက်မှ ပိတ်လိုက်ခြင်းဖြစ်သည်။

စီမံကိန်းတစ်ခုအတွက် တရုတ်ကုမ္ပဏီတစ်ခုသို့ မြေကို လွှဲပြောင်းပေးလိုက်ရသောကြောင့် လျှောက်လမ်း၏ တစ်စိတ်တစ်ပိုင်းကို ပိတ်ပစ်လိုက်ကြောင်း Newsfirst Sri Lanka က သတင်းဖော်ပြခဲ့သည်။

သီရိလင်္ကာ၏ အရေးကြီးသော အခြေခံအဆောက်အအုံစီမံကိန်းများအပေါ် တရုတ်၏ ဥပဒေအရမဟုတ်သော ထိန်းချုပ်မှုသည် သြဇာလွှမ်းမိုးမှုအတွက်နည်းလမ်းတစ်ခုဖြစ်ခဲ့ပြီး သီရိလင်္ကာသည် မကြာမီ တရုတ်၏ ကိုလိုနီဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှုများကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly