စစ်တပ်နယ်မြေ မှော်ဘီတွင် ဗုံး ၅ လုံးပေါက်ကွဲ

စစ်တပ်နယ်မြေ မှော်ဘီတွင် ဗုံး ၅ လုံးပေါက်ကွဲ

အောက်တိုဘာ ၇

စစ်တပ်မြို့ဟုလူသိများကြသော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့တွင် Mytel တာဝါတိုင်များအပါအဝင်နေရာငါးခုတွင် ဗုံးပေါက်ကွဲမှုများ ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

စစ်အာဏာသိမ်းပြီး ရှစ်လကျော်တွင် မှော်ဘီတွင် ပထမဆုံးပေါက်ကွဲမှု ကြုံရ ခြင်းဖြစ်ပြီး မြို့ထဲတစ်ဝိုက် ကြံံ့ခိုင်ရေးရုံးတစ်ခုအနီးအပါအဝင် နံနက် ၆ နာရီ ဝန်းကျင်က လူအသေအပျောက်မရှိသော ပေါက်ကွဲမှုဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင်တော့ နန်းဦးဘုန်းကြီးကျောင်းဝင်းတွင်းက Mytel တာဝါတိုင်နှင့် နတ်စင်လမ်းက Mytel တာဝါတိုင်များ ဗုံးခွဲတိုက်ခိုက် ခြင်းခံရ၍ ပျက်စီးမှုများဖြစ်သွားခဲ့သည်ဟု ဆိုသည်။

ပေါက်ကွဲမှုများကြောင့် အစစ်ဆေးများ တင်းကြပ်နေပြီး စစ်ကောင်စီတပ်များ က Mytel တာဝါတိုင်များကိုလုံခြုံရေးယူထားည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly