မအူပင်မြို့ CBဘဏ်ရှေ့ ဗုံးပေါက်

မအူပင်မြို့ CBဘဏ်ရှေ့ ဗုံးပေါက်

အောက်တိုဘာ ၇

ဧရာဝတီတိုင်း ၊မအူပင်မြို့ ဘုရားလမ်းမီးပွိုင့် CBဘဏ်ရှေ့တွင် ယနေ့အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

"လူတွေတော့ မထိသွားဘူး မီးပွိုင့်နားက ကင်းမှာ ရဲနဲ့စစ်တပ်က စောင့်နေတာရှိတယ် အဲ့ဒါကို ဖောက်တာဖြစ်နိုင်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုနှင့်ပက်သက်၍ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက ၎င်းတို့နှင့် မဟာမိတ်အဖွဲ့များကပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အသေးစိတ်အချက်အလက်များကို မထုတ်ပြန်သေးကြောင်း ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်တပ်နှင့် ရဲများရောက်လာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ‌ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly